chapter 7

383 84 3
                                    

[Zawgyi]

မိုကျွယ်ချန်နှင့် ရင်ဆိုင်ချိန်တွင်တောင် နဉ်ရှုတုန်လှုပ်ခြင်းမရှိပေ ၊ ဘာကြောင့်ဆို မိုကျွယ်ချန်က သူလုပ်ချင်တာသူလုပ်ပြီး ဦးထုပ်ကျတဲ့အချိန်ခဏ(မျက်တောင်တစ်ခတ်အတွင်း)မှာပဲ သတ်ပစ်တဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့လူတစ်ယောက်မှန်း သူမသိသည်။

ကုရွဲ့က မတူပေ။သူကအမြဲလိုလိုထိန်းထားပြီး ခပ်တန်းတန်းရှိသည်။သူ့စရိုက်က အလွယ်တကူနားမလည်နိုင်ဘဲ သူ့ရဲ့အပြင်ပန်းသွင်ပြင်က သူ၏စရိုက်အမှန်ကို ထုတ်ဖော်မပြထားပေ။

အကြောက်တရားက မသိရသည့်ဆီကလာသည်။

ထို့ကြောင့် နဉ်ရှုက ကုရွဲ့ကိုသတိထားသည်။သူ့ရဲ့နိုင်ငံကို ပြန်အသက်သွင်းဖို့ သူမကြိုးစားဘူးလို့ ပြောပေမဲ့လည်း သူတကယ်တမ်းဘာတွေစီစဉ်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ?

အဖြေလိုအပ်နေတဲ့ နောက်မေးခွန်းတစ်ခုလည်းရှိသည်။မိုကျွယ်ချန်ရဲ့ရည်ရွယ်ချက်နောက်မှာကော အတိအကျဘာရှိတာလဲ?

နဉ်ရှု ထူးခြားတဲ့တစ်ခုခု သူမရှာတွေ့နိုင်မလား ကြည့်ရအောင် သူမအခန်းထဲပြန်သွားပြီး မွှေနှောက်ရှာ‌ဖွေခဲ့သည်။

ကုရွဲ့နဲ့လီကျိုး‌ကောနှစ်ယောက်လုံးမှာ နက်ရှိုင်းတဲ့သွေးကြွေးရှိကြသည် ၊ ဒါကို သူတို့ဒီတိုင်း မလှုပ်မယှက်နေပြီး ဘယ်လိုလုပ်ကြိတ်မှိတ်လက်ခံနိုင်ကြမှာလဲ?

မိသားစု၏ကြွယ်ဝမှုအမြောက်အမြားကို အမွေဆက်ခံရန် သုံးယောက်ထဲကတစ်ယောက်က သူမကိုလက်ထပ်ရမည်ဟု လူအိုကြီးကပြောခဲ့သည်။မိသားစုပိုင်ဆိုင်မှုတွေထဲက သူတို့လိုချင်တာတစ်ခုခုရှိရမည်။

မဟုတ်ရင် လူအိုကြီးက ဒီလိုဝတုတ်နေတဲ့သူ့သမီးကို သူတို့လက်ထပ်ဖို့ ဘယ်လိုလုပ်ယုံကြည်ချက်ရှိနိုင်မှာလဲ?

နဉ်ရှု အခန်းပတ်ပတ်လည် ‌မွှေနှောက်ရှာ‌ဖွေတာကို ကြည့်နေတဲ့ ရှီးထုန်ကမေးလိုက်သည် "သခင်မလေး ၊ သခင်မလေးဘာရှာနေတာလဲ?"

"အာ..."နဉ်ရှုလည်း သူမဘာကိုရှာနေမှန်းမသိပေ။

ဘာကိုရှာရမလဲ သူမလုံးဝမသိပေ။

Merchant's Daughter(Realm 34)Where stories live. Discover now