Chapter 18

282 68 1
                                    

[Zawgyi]

နဉ်ရှု သူမအိတ်ထဲက အစာခြောက်အချို့ထုတ်ပြီး ဖြည်းညှင်းစွာ ဝါးနေခဲ့သည်။

နဉ်ရှု အစာခြောက်ကို ဝါးရင်း ကန့်လန့်ကာကို မလိုက်သည်။ရထားလုံးဘေးနားတွင် သူမ လူနှစ်ယောက်ကို တွေ့လိုက်သည်။သူတို့က အလွန်ခန့်ညားလွန်းပြီး သူမကိုကာကွယ်နေပုံပေါ်သည်။

သူက သူမကိုကာကွယ်နေပုံပေါ်သည် ၊ သို့သော် နဉ်ရှု သူမစိတ်ထဲ ထူးဆန်းတဲ့ခံစားချက်ရနေသည်။

ကန့်လန့်ကာကို ချလိုက်ပြီး နဉ်ရှု သက်ပြင်းရှည်တစ်ချက်ချကာ စတင်ကျင့်ကြံခဲ့သည်။

နောက်ဆုံးမိနစ်မှာ ကိုယ့်ရဲ့လှံကိုချွန်မြနေအောင် သွေးထားတာ ကောင်းသည်။

တစ်နေ့လုံး လမ်းလျှောက်ပြီးနောက် ၊ စားချိန်ရောက်လျှင် စားရန် အဖွဲ့ကခဏရပ်လိမ့်မည်။

နဉ်ရှု ရထားလုံးထဲထိုင်ပြီး လှုပ်ခါနေတာကြောင့် အိပ်ပျော်လုနီးပါးဖြစ်သွားသည်။

ညရောက်ချိန်တွင် အဖွဲ့ကရပ်တန့်သွားသည်။ဆောင်းရာသီမှာ ညဘက်အေးတာကြောင့် သူတို့ကိုယ်ကိုနွေးထွေးစေဖို့ စွပ်ပြုတ်နည်းနည်းတည်ပြီး သူတို့ရဲ့ရိက္ခာနဲ့စားသည်။

နဉ်ရှုလည်း ရထားလုံးပေါ်ကဆင်းပြီး လှည့်ပတ်လျှောက်ကြည့်လိုက်သည်။

နဉ်ရှု မီးပုံရှေ့ထိုင်ပြီး ကုရွဲ့ကိုမေးလိုက်သည်။"ကျွန်မတို့အခုဘယ်သွားမှာလဲ?"

ကုရွဲ့က မီးပုံကိုမီးထိုးရင်း‌ပြောလိုက်သည်။"လီယန် ကောင်တီကို။"

"အဲအရာကလီယန်မှာလား?"

"မဟုတ်ဘူး။"ကုရွဲ့ကခေါင်းခါလိုက်သည်။

"ဒါဆို ကျွန်မတို့ လီယန် ကောင်တီကို ဖြတ်သွားမှာလား?"နဉ်ရှု ထပ်မေးလိုက်သည်။

ကုရွဲ့က မီးပုံကိုထိုးရင်း နဉ်ရှုကို မော့ကြည့်လိုက်သည်။"မင်း ဒါတွေကို စိတ်ပူစရာမလိုဘူး။"

နဉ်ရှု တိတ်ဆိတ်နေသည်။ဒါဆို အတူလာဖို့ သူမတောင်းဆိုရတဲ့ ရည်ရွယ်ချက်ကဘာဖြစ်သွားမလဲ?

နဉ်ရှု ဘာမှမပြောတော့ဘဲ ကျင့်ကြံဖို့ ရထားလုံးဆီပြန်သွားသည်။ဘာပဲဖြစ်ဖြစ် သူမကိုယ်သူမ ကာကွယ်ဖို့ လုံလောက်အောင် သန်မာနေရမည်။

Merchant's Daughter(Realm 34)Where stories live. Discover now