Chapter 17

276 61 2
                                    

[Zawgyi]

နဉ်ရှု မိုကျွယ်ချန်က ‌ဆီတွေနဲ့ပေကျံနေပေမဲ့ မပျော်ပေ။သူမ မိုကျွယ်ချန်ကို ဒီလိုလုပ်လိုက်ပေမဲ့ မိုကျွယ်ချန်က သူမကို မသတ်သေးပေ။

မိုကျွယ်ချန်က သူကြိုက်သလို လုပ်တတ်တဲ့ လူစားမျိုးဖြစ်သည်။သူက အကြည့်တစ်ချက်နဲ့တင် လူသတ်နိုင်သူ ဖြစ်သည်။သူအလိုရှိတာက သူ့ဆန္ဒအတိုင်း လုပ်နိုင်ဖို့ပင်။

သူမက အခုဘာတန်ဖိုးမှမရှိတော့ပေ ၊ သို့သော် သူမ သူ့ကိုရန်စလိုက်ပေမဲ့လည်း မိုကျွယ်ချန်က သူမကို မသတ်ခဲ့ပေ။

ဒါ သူ့ပုံစံမဟုတ်ပေ။

မိုကျွယ်ချန် သူမကို မသတ်တာ လူအိုကြီး(မွေးစားအဖေ)ကြောင့်များလား?

နောက်တစ်နေ့တွင် ကုရွဲ့က နဉ်ရှုကို သုံးရက်အတွင်း ဧကရာဇ်ဂူသင်္ချိုင်းကို သွားရန်အတွက် သူတို့ပြင်ဆင်ရမည့်အကြောင်း သတင်းပို့ခဲ့သည်။

သူတို့က ဆေးပင်တွေပို့ဆောင်မည့် အဖွဲ့နှင့် သွားကြမည်ဖြစ်သည်။

ပို့ဆောင်မည့်အဖွဲ့ထက် သူတို့ကခရီးရှည်ဆက်ရမည်ဖြစ်တာကြောင့် ကုရွဲ့က နဉ်ရှုကို ပြင်ဆင်ဖို့ ပြောခဲ့သည်။

နဉ်ရှုက ကုရွဲ့ကိုမေးလိုက်သည်။"အဲနေရာက အတိအကျ ဘယ်မှာလဲ?"

ကုရွဲ့က မြေပုံရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားလောက်သည် ၊ သို့သော် မြေပုံက ရိုးရိုးရှင်းရှင်းမျဉ်းကြောင်း‌ဆွဲထားခြင်းသာ ဖြစ်သည်။

"ငါတို့ တစ်ဆင့်ချင်းပဲသွားနိုင်တယ်။"ကုရွဲ့က ညင်သာစွာ ပြောလိုက်သည်။

နဉ်ရှုက ကုရွဲ့ကို မယုံပေ။သူတို့က နေရာကိုတောင်မသိပေ ၊ ဘာပြင်ဆင်မှုမှမရှိဘဲ ထွက်သွားမှာလား?

ကုရွဲ့က သူမကို မပြောပြချင်ရုံပင်။

နဉ်ရှု ထပ်မမေးတော့ဘဲ ပြောလိုက်သည်။"ကျွန်မ နားလည်ပါပြီ။"

ကုရွဲ့က နဉ်ရှုကို ကြည့်လိုက်သည်။"ခရီးစဉ်က ခက်ခဲလိမ့်မယ်။မင်းအခု လက်လျှော့လိုက်ရင် သိပ်နောက်မကျသေးဘူး။"

"ကျွန်မ သွားမယ်။"

"ကောင်းပြီ ၊ တစ်ခုခုဖြစ်ခဲ့ရင် လိုရမည်ရ ပိုပြင်ဆင်ထားပေါ့။"ကုရွဲ့က မတ်တပ်ထပြီး နဉ်ရှု အခန်းထဲက ထွက်သွားခဲ့သည်။

Merchant's Daughter(Realm 34)Where stories live. Discover now