Chapter 2

571 100 1
                                    

[Zawgyi]



နဉ်ရှုထပ်မေးလိုက်တယ်"ငါ့အမေ‌ကော?"

"သခင်မလေးရဲ့အမေက မွေးဖွားရာမှာအခက်အခဲဖြစ်ပြီး သခင်မလေးကိုမွေးပြီးတာနဲ့ ဆုံးပါးသွားတာပါ။"

"ရှီးထုန် နင်ငါနဲ့ရှိနေတာ ဘယ်လောက်ကြာပြီလဲ?"

"သခင်မလေး ဘာဖြစ်နေတာလဲဟင်? သခင်မလေးမမှတ်မိဘူးလား? ကျွန်မကသခင်မလေးနဲ့ကြီးပြင်းလာတာပါ။"

ရှီးထုန် သံသယနည်းနည်းဝင်လာတာတွေ့တော့ နဉ်ရှုမေးနေတာ ရပ်လိုက်သည်။

"ကောင်းပြီ ၊ ဂိမ်းပြီးသွားပြီ။နင်အားလုံးဖြေပေးမှတော့ ငါနင့်ကိုရက်ရောတဲ့ဆုပေးမယ်"လို့ နဉ်ရှုပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ် သခင်မလေး"

စားဖိုဆောင်ကထမင်းချက်က ယာဂုယူလာခဲ့သည်။ရှီးထုန်ကချက်ချင်းယူကာ ဇွန်းလေးနဲ့မွှေပြီးမှုတ်လိုက်တယ်။

နဉ်ရှု အရမ်းဆာလောင်နေပြီး ပန်းကန်လုံးကိုပါမျိုချချင်နေပြီ။

ကံကောင်းစွာနဲ့ အခုကဆောင်းရာသီဖြစ်ပြီး အပူချိန်ကအမြန်လျှော့ကျသွားတယ်။နဉ်ရှုခဏလေးနဲ့ ယာဂုပန်းကန်လုံးကြီးကိုစားပြီးသွားကာ သူမဗိုက်ထဲနေရအဆင်ပြေလာတယ်။

"ငါ့ကိုအဝတ်နည်းနည်းလောက်ဝတ်ပေး ငါဝမ်းနည်းခြင်းအထိမ်းအမှတ်ခန်းမဆီသွားမယ်။"နဉ်ရှု စောင်ကိုမလိုက်တာနဲ့ အေးစက်တဲ့လေတွေကစောင်ထဲဝင်လာတယ်။သူမတကယ်ပဲမထချင်တော့ဘူး။

"သခင်မလေး အရင်နားလိုက်ပါအုန်း။အကြီးဆုံးသခင်လေးကုက သခင်မလေးကိုခေါင်းမမာပဲ ကောင်းကောင်းနားဖို့ပြောထားတယ်။ခန်းမမှာသူတို့သုံးယောက်ရှိနေရုံနဲ့ အဆင်ပြေပါတယ်။" ရှီးထုန်က နဉ်ရှုရဲ့ခြေထောက်တွေကို အမြန်စောင်နဲ့ကာပေးလိုက်တယ်။"အပြင်မှာနှင်းကျနေတာ အဲ့ဒါအရမ်းအေးတယ်။"

နဉ်ရှုကရှီးထုန်ကိုကြည့်ပြီး သူမက ကုရွဲ့ကိုအရမ်းနာခံတယ်လို့ခံစားရသည်။

"အဆင်ပြေပါတယ် ငါ့ကိုအဝတ်အစားနည်းနည်းလောက်ဝတ်ပေး"နဉ်ရှု အတင်းစောင်ကိုဆွဲဖယ်လိုက်တယ်။

Merchant's Daughter(Realm 34)Where stories live. Discover now