Chapter 16

266 65 2
                                    

[Zawgyi]

နဉ်ရှု သူ့ကိုစည်းရုံးဖို့ အတော်လေးအားစိုက်ထုတ်ရမယ် ထင်ထားပေမဲ့ ကုရွဲ့ကသူနဲ့အတူသွားဖို့ သူမကိုသဘောတူလိုက်သည်။

ဒါက သူမ စိတ်လှုပ်ရှားစွာ ပြေးလွှားလာပေမဲ့ သူမရဲ့အရှိန်အဟုန် ချက်ချင်း လျော့ကျသွားပြီး နဉ်ရှု ဝါဂွမ်းကိုလက်သီးနဲ့ထိုးနေရသလိုဖြစ်သွားစေသည်။

မိုကျွယ်ချန် ပြောခဲ့သလိုပင် သူကမှန်းဆမရနိုင်ပေ။

သူ စာရေးနေချိန်တွင် သူသည် ဝေနဲ့ကျင်းမင်းဆက်က ကျော်ကြားတဲ့ စာသင်သားတစ်ယောက်လိုပင်။

နဉ်ရှုက ကုရွဲ့ကိုသတိထားသည်။

သူ့မှာ ဒီလိုနက်ရှိုင်းတဲ့အမုန်းတရားရှိပေမဲ့ သူက ဘာမုန်းတီးမှုမှရှိတဲ့ပုံမပေါ်ပေ။ထိုအစား သူ့ပုံစံက တည်ငြိမ်လွန်းနေသည်။သူက အတွင်းထဲမှာမကောင်းတဲ့လူ ဖြစ်နိုင်သည်။

"ဘာဖြစ်လို့လဲ?မင်းမသွားချင်တော့ပြန်ဘူးလား?"ကုရွဲ့က နဉ်ရှုကိုကြည့်လိုက်သည်။

နဉ်ရှု ပြုံးလိုက်သည်။"သေချာပေါက် သွားမှာပေါ့။"

"မင်း သေချာစဉ်းစားရမယ်။အဲနေရာက အရမ်းအန္တရာယ်များတယ်။"

"ဒါဆို အဲနေရာဘယ်မှာလဲ ရှင်သိတာလား?"

"ငါနည်းနည်းပဲသိတယ်။အဆုံးကျ ငါက ကျားနိုင်ငံရဲ့မင်းသားဖြစ်ခဲ့ဖူးတာပဲလေ။"ကုရွဲ့က တည်ငြိမ်စွာပြောလိုက်သည်။

နဉ်ရှု ကုရွဲ့ကိုကြည့်လိုက်သည်။"ဒီတော့ ရှင်က တိုင်းပြည်ကိုပြန်တည်ထောင်ဖို့ ကြံစည်နေတာလား?"

"ငါတတ်နိုင်ရင် ငါလုပ်မယ်။ငါမတတ်နိုင်ရင်တော့ သဘာဝအတိုင်းပဲဖြစ်ပါစေ။"ကုရွဲ့က စုတ်တံကိုကိုင်ပြီး မှင်ထဲနှစ်လိုက်သည်။ထို့နောက် သူ စာစရေးတော့သည်။

သူကအရမ်းတည်ငြိမ်နေသည်။သူတကယ်ဂရုမစိုက်သလိုပင်။

သူ ဂရုမစိုက်ရင် ရှီးထုန်ရဲ့နိမ့်ကျတဲ့ခံစားချက်တွေကို အသုံးချမှာလား။

သူ့ရဲ့ရည်ရွက်ချက် အောင်မြင်ဖို့ မိန်းမတစ်ယောက်ရဲ့အချစ်ကို အသုံးချခဲ့ရင် သူသည် အပေါ်ယံ မြင်ရသလောက် တည်ငြိမ်‌နေမှာမဟုတ်ပေ။

Merchant's Daughter(Realm 34)Where stories live. Discover now