Chapter 1

967 111 3
                                    

[Zawgyi]

သူမတာဝန်ပြီးမြောက်မှသာ ဒီကမ္ဘာကနေထွက်သွားလို့ရမည်ဖြစ်သည်။ဒါပေမယ့် ဒီကမ္ဘာမှာ ဘာဇာတ်ကြောင်းမှမရှိ ဘာတာဝန်မှမရှိသလို မှတ်ဉာဏ်တွေလည်းမရှိဘူး။

သူမဘာလုပ်သင့်လဲ?

ဆိုးရွားလိုက်တာ!

နဉ်ရှုမျက်လုံးဖွင့်လိုက်ပြီး ကိစ္စတွေကို ခြေတစ်လှမ်းစီ လှမ်းပြီးလုပ်ရုံသာတတ်နိုင်သည်။ဘယ်လိုဖြစ်ဖြစ် သူမအရင်ဦးဆုံး အသက်ရှင်နေဖို့လိုတယ်။မဟုတ်ရင် သူမဝိညဉ် system spaceထဲပြန်သွားဖို့
systemရဲ့လမ်းပြမှုမရှိရင် သူမအထီးကျန်တစ္ဆေဖြစ်သွားလိမ့်မယ်။

တာဝန်အပ်နှံသူလည်း သေသွားလိမ့်မယ်။

သူမအရမ်းအားနည်းလွန်းတယ်ဆိုတာ နဉ်ရှုသဘောပေါက်သွားသည်။သူမsystemကိုအားကိုးလို့မရရုံမက သူမကိုယ်ပိုင်ကမ္ဘာတည်ဆောက်ဖို့လည်း ကျရှုံးသွားတယ်။

တာဝန်ကမ္ဘာတွေထဲဝင်ပြီး ဆန္ဒရှိသလို ထွက်သွားလို့ရရင် ဘယ်လောက်ကောင်းမလဲ?

နဉ်ရှုထဖို့ဆုံးဖြတ်လိုက်သည်။အခုအရေးကြီးဆုံးအရာက ဒီခန္ဓာကိုယ်ရဲ့နောက်ခံကိုနားလည်ဖို့ပဲ။

နဉ်ရှု ထဖို့ တော်တော်လေးအားစိုက်လိုက်ရတယ်။
သူမထပြီးသွားတော့ ကပျာကယာနဲ့လက်ကိုရှေ့ထုတ်လိုက်တယ်။အိုး ငါ့လက်တွေကမုန်လာဥလို တုတ်ခိုင်နေတာပဲ။

သူမလက်အနောက်ဘက်က ပေါက်စီလိုပြည့်လျှမ်းနေသည်။နဉ်ရှု နူးညံ့တဲ့အသားတွေပြည့်နေတဲ့ သူမမျက်နှာကိုထိကြည့်လိုက်တယ်။သူမတောက်လျှောက် ရင်ဘတ်ထိ ထိလိုက်တယ်။၎င်းကအရမ်းပြည့်နေတယ်။

သူမရဲ့ဝမ်းဗိုက်က မွေးခါနီးလိုကြီးထွားနေခဲ့တယ်။

ဒါဖက်တီးပဲ။

နဉ်ရှု : ....

ဘဝကဒီလိုကူကယ်ရာမဲ့နေတာပဲ။ကံကောင်းခြင်းကသာ နှစ်ခါမလာမယ် ကံဆိုးခြင်းကတော့ တစ်ခါတည်းမလာဘူး။

"ခရက်"တံခါးပွင့်သွားပြီး သိမ်မွေ့တဲ့အစေခံကောင်မလေးက ပန်းကန်လုံးတစ်ခုနဲ့ဝင်လာခဲ့သည်။ထိုကောင်မလေးက ငယ်ရွယ်ပြီး သူမဆံပင်တွေကို အနောက်မှာဆံထုံးနှစ်ခုအဖြစ် ဖြီးသင်ထားသည်။

Merchant's Daughter(Realm 34)Where stories live. Discover now