chapter 5

401 86 2
                                    

[zawgyi]

"ရှီးထုန် နင့်ရဲ့သခင်မလေးကို ဘယ်သူနဲ့လက်ထပ်စေချင်လဲ?" နဉ်ရှုက ရှီးထုန်ကိုမေးလိုက်သည်။

"သခင်မလေး ၊ ဒီအစေခံကတော့ အကြီးဆုံးသခင်လေးကုက အသင့်တော်ဆုံးလို့ ထင်ပါတယ်။ အကြီးဆုံးသခင်လေးကုက မိသားစုစီးပွားရေးလုပ်ငန်းကိုစီမံခန့်ခွဲတဲ့နေရာမှာ သခင်ကြီးကိုကူပေးနေခဲ့တာပါ။ သူကရင့်ကျက်ပြီး တည်လည်းတည်ငြိမ်တယ်။ သခင်မလေးတို့နှစ်ယောက်က ကောင်းကင်ဘုံကတွဲဖက်ပေးထားတဲ့ ဖူးစာတွေပါပဲ။ အကြီးဆုံးသခင်လေးကုက သခင်မလေးကို သေချာပေါက် ဂရုစိုက်ပေးမှာပါ။"

နဉ်ရှု : "...."

ကောင်းကင်ဘုံကတွဲဖက်ပေးတဲ့ဖူးစာ? ရှီးထုန်က ကန်းနေတာမဟုတ်ရင် အကုန်လုံးကန်းနေတာပဲဖြစ်ရမယ်။

ပုံပန်းသွင်ပြင်က လှည့်စားနိုင်တယ်။ ကုရွဲ့ရဲ့ နတ်ဘုရားလိုသွင်ပြင်က သူ့ကိုတည်ငြိမ်ပြီးအေးချမ်းပုံပေါ်စေတယ် ၊ တစ်ချိန်တည်းမှာပဲ သူ့အတွေးတွေကို အခြားလူတွေမခန့်မှန်းနိုင်ဖြစ်စေတယ်။ ကုရွဲ့ရဲ့နှလုံးသားက နီလား နက်လားဆိုတာ ဘယ်သူသိမှာလဲ?

"ဒုတိယသခင်လေးမိုက အပတ်တိုင်းအိမ်တော်က ထွက်သွားလေ့ရှိပါတယ်။ သူအနားမှာရှိနေရင်တောင် ဘယ်သူမှ သူ့ကိုချဉ်းကပ်ရဲမှာမဟုတ်ပါဘူး။ အချိန်တခဏအတွင်းမှာပဲ သူကအစေခံတွေကိုသတ်ပစ်နိုင်တယ်။ သခင်မလေး ၊ ကျေးဇူးပြုပြီး သူ့ကိုလက်မထပ်ပါနဲ့နော် " ရှီးထုန်က နဉ်ရှုကိုအသနားခံလိုက်သည်။

ကောင်းလိုက်တာ ၊ မိုကျွယ်ချန်က တကယ်ရက်စက်တဲ့သူပဲ။

"သခင်လေးလီက ကလေးပဲရှိသေးတော့ မှီခိုလို့ရမှာမဟုတ်ပါဘူး" ရှီးထုန်ကပြောလိုက်သည်။

ရှီးထုန်က သုံးသပ်တဲ့နေရာမှာ အတော်လေးကောင်းသည်။

သို့သော် လက်ရှိမှာ သူတို့က လက်ထပ်မဲ့ခင်ပွန်းလောင်းသုံးယောက်အကြောင်းကို ဇီဇာကြောင် ပြောဆိုနေပေမဲ့လည်း သူတို့ထဲကတစ်ယောက်မှ သူမကိုသူတို့လက်ထပ်ချင်သူအဖြစ် မယူဆထားမှန်း နဉ်ရှု အာမခံနိုင်သည်။

နဉ်ရှု သူမဗိုက်ကိုဖိညှစ်လိုက်သည်။ သူမက သက်သက်လွတ်စားတစ်ယောက် ဖြစ်လာဖို့ သူမရဲ့ဝတ္တရားဖြစ်တဲ့ သားသမီးဝတ်ကျေပွန်တာကို အသုံးချတော့မည်။ ဝိတ်ချဖို့ သူမရဲ့လေ့ကျင့်ခန်းပမာဏကိုလည်း တိုးမြှင့်ရမည်။

Merchant's Daughter(Realm 34)Where stories live. Discover now