chapter 9

366 89 0
                                    

[Zawgyi]

နဉ်ရှု၏မျက်နှာကမည်းသွားပြီး လီကျိုးကောကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်နေခဲ့သည်။"ငါလည်း နင်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။"

လီကျိုးကောက နဉ်ရှု၏မျက်နှာပေါ်ကတုန်ယင်နေတဲ့အသားတွေကိုကြည့်ပြီး အမြန်အကြည့်လွှဲသွားခဲ့သည်။"နောက်ကျရင် ငါပြန်လာပြီး နင့်ဆီလာလည်မယ်လေ။"

"နင်ကောင်းကောင်းနေနေတယ်ဆိုတာ သိရရင်လုံလောက်ပါပြီ။" နဉ်ရှုကလက်ဖက်ရည်တစ်ခွက်ထည့်ပြီး သောက်လိုက်သည်။

ကု‌ရွဲ့ကသူ့မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးရှိနေခဲ့သည်။"လန်ရှင်းက သူမရဲ့ခင်ပွန်းလောင်းက အခြားလူကိုရွေးသွားလို့ စိတ်မချမ်းသာဖြစ်‌နေတာလား?"

နဉ်ရှုက သူမရဲ့လက်ဖက်ရည်ခွက်ကို စားပွဲပေါ်ထားလိုက်သည်။"မဟုတ်ပါဘူး။ကျွန်မကသခင်မလေးလီကိုမကြိုက်ရုံပဲ။သူက ကျွန်မကိုဝတယ်လို့ အမြဲတမ်းပြောတယ်။"

လီကျိုးကောက ခေါင်းညိတ်သည်။"အမှန်ပဲ ၊ မင်းကနည်းနည်းဝတယ်။"

"ထွက်သွား..."နဉ်ရှုက လီကျိုးကောကိုကြည့်လိုက်သည်။

ကုရွဲ့ကပြုံးလိုက်သည်။"ကျိုးကောမရှိရင်တောင် ကိုယ်နဲ့မိုကျွယ်ချန်တို့ရှိပါသေးတယ်။"

နဉ်ရှု : ဟက်...

တစ်ယောက်က သူမကိုသတ်ချင်နေတယ် ၊ နောက်တစ်ယောက်ကတော့ ဘာမှမကောင်းတာသေချာသည် ၊ ပြီးတော့ သူတို့ကခင်ပွန်းလောင်းလို့ယူဆနေတုန်းလား?အဓိပ္ပာယ်မရှိတာတွေပဲ...

ကျင့်ကြံတဲ့နေရာမှာ သူမအချိန်တွေအများကြီးသုံးခဲ့တာ ကောင်းသည်။နောက်တစ်ကြိမ်နဉ်ရှု မိုကျွယ်ချန်ကိုမြင်ခဲ့ရင် သူမ သူ့ကိုသေချာပေါက်သတ်ပစ်မည်။

"လန်ရှင်း ၊ ကျိုးကောအတွက်တစ်ခုခုဝယ်ပေးဖို့  စာရင်းထဲက ကိုယ်ငွေသားနည်းနည်းလောက်ယူချင်တယ်။ဒီလိုဆိုရင် လီမိသားစုထဲမှာ သူ့အတွက်ပိုအဆင်ပြေသွားလိမ့်မယ်။"ကုရွဲ့ကနဉ်ရှုနှင့်ဆွေးနွေးသည်။

နဉ်ရှု နှာမှုတ်လိုက်သည်။"ဒါကဘာလို့ ကျွန်မတို့ကသမီးမိန်းကလေးကိုလက်ထပ်ပေးလိုက်ရတဲ့ အသံနဲ့တူနေရတာလဲ? ဒါကလီမိသားစုဆီ ကျိုးကောကိုလက်ထပ်ပေးလိုက်ရရုံပါပဲ။"

Merchant's Daughter(Realm 34)Where stories live. Discover now