Chapter 12

298 64 0
                                    

[Zawgyi]

ညစာစားပြီးနောက်တွင် ကုရွဲ့က မိုကျွယ်ချန်၏ သွေးခုန်နှုန်းကိုစမ်း‌ပေးသည်။သူတို့နှစ်ယောက်အတူထိုင်နေတဲ့မြင်ကွင်းကိုကြည့်ရတာ ကျေနပ်စရာကောင်းလှသည်။

နဉ်ရှုက ထိုမြင်ကွင်းကို ဖျက်စီးဖို့ သူမရဲ့ဝတုတ်တုတ်ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်။တူညီတဲ့ဘောင်ထဲ နဉ်ရှုပါရှိနေတာက မြင်ကွင်းကိုချက်ချင်းပြောင်းလဲသွားစေသည်။

"ဘယ်လိုလဲ?မိုကျွယ်ချန်ရဲ့မျက်နှာအရင်အတိုင်းပြန်ဖြစ်နိုင်သေးလား?မရရင်တော့ သနားစရာပဲ။"နဉ်ရှုက စိတ်မကောင်းစွာနဲ့ခေါင်းခါရင်း ကုရွဲ့ကိုမေးလိုက်သည်။

ကုရွဲ့က နဉ်ရှုကိုကြည့်ပြီး သူ့လက်ကိုပြန်ဆုတ်လိုက်သည်။"ဆေးနည်းနည်းလောက်သောက်ပြီးရင် သူပြန်ကောင်းသွားပါလိမ့်မယ်။မင်းမျက်နှာလိမ်းဆေးလုပ်ဖို့ သုံးတဲ့အမှုန့်က အဆိပ်ရှိတယ်။"

နဉ်ရှု အမြန်ခေါင်းခါလိုက်သည်။"ဒါမဖြစ်နိုင်ပါဘူး။ငါ့မှာဆေးစာရှိတယ်။ဒါ့အပြင် တကယ်တော့အနာတွေဆိုတာ အဆိပ်ထုတ်ပေးတာပဲလေ။"

"ဝတုတ်မ ပါးစပ်ပိတ်ထားစမ်း။မင်း နောက်ထပ်စကားပြောရဲရင် မင်းအသေဆိုးနဲ့သေသွားတာ သေချာအောင်ငါလုပ်ပေးမယ်။"မိုကျွယ်ချန်က နဉ်ရှုကိုကြည့်လိုက်သည်။"ငါမင်းကိုမသတ်ရဲဘူးလို့မထင်နဲ့။"

ဘယ်သူက ဘယ်သူ့ကိုသတ်မလဲ ကြည့်ကြသေးတာပေါ့ !

နဉ်ရှု နှုတ်ခမ်းတင်းတင်းစေ့ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

"လန်ရှင်း ခဏနေပါအုန်း။"ကုရွဲ့က နဉ်ရှုကို လှမ်းခေါ်လိုက်သည်။

နဉ်ရှု နောက်လှည့်ကြည့်ပြီး ပြုံးပြလိုက်‌တော့ သူမမျက်နှာပေါ်က အဆီတွေတုန်ခါသွားသည်။"ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ဘူး။" ကုရွဲ့က သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။"အခုအေးလာပြီ။မင်းအိပ်တဲ့အခါ မင်းကိုယ်မင်းစောင်နဲ့ဖုံးထား။"

နဉ်ရှု ခေါင်းညိတ်လိုက်ပြီး သူမမျက်နှာပေါ်ရှိ အဆီတွေကလှိုင်းလုံးတွေလို လှုပ်ရှားနေသည်။"ရှင်ကောပဲ။ရှင့်ကိုယ်ရှင် စောင်နဲ့ဖုံးအိပ်ပါ။"နဉ်ရှုက မိုကျွယ်ချန်ကို ကြည့်လိုက်သည်။"အဲဒါအဆိပ်ရှိတဲ့လိမ်းဆေးဖြစ်မယ်လို့ မထင်ထားမိဘူး။အဆိပ်ကိုစမ်းသပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။"

Merchant's Daughter(Realm 34)Kde žijí příběhy. Začni objevovat