"Part-31"

5.1K 282 7
                                    

Unicod

"ကျွန်မလိုက်ခဲ့မယ်"

"ဒီလိုမှပေါ့"

တီချယ်က ဘာလို့ထိုလူကြီးနဲ့လိုက်သွားရတာလဲ မြတ်နိုးရင်ထဲကိုစို့တက်သွားလေသည်။

"ဘယ်လိုက်သွားမလို့လဲ မြတ်နိုး"

"မြတ်နိုး တီချယ့်နောက်လိုက်မယ်..ခါးပတ်ပတ်ထား ဆရာမ"

အမှန်တိုင်းပြောရရင် မြတ်နိုးရဲ့ကားမောင်းတဲ့အရှိန်ကြောင့်ရနံ့လန့်မိတာတော့အမှန်ပါ..ဘယ်တုန်းက ဒီကလေး အဲ့လောက်ထိ ကားမောင်းကျွမ်းသွားရတာလဲ။

*ဒုန်း*

ခပ်ပြင်းပြင်း ကားချင်းတိုက်သံကြောင့် လမ်းမထက်က လူတွေ အုံလာလေသည်။ခါးပတ်မပတ်ထားတဲ့ ကိုသွေးရဲ့ driver ကတော့ သေရင်သေ မသေရင်တောင် ဒဏ်ရာတော်တော်ပြင်းသွားလေသည်။အနောက်မှာထိုင်နေတဲ့ ကိုသွေးနဲ့သက်ထားကတော့ မူးသွားရုံကလွဲ၍ဘာမှ ပြင်းပြင်းထန်ထန်မဖြစ်...

"တောက် ဘယ်လိုဟာတွေကားတက်မောင်းနေတာလဲ..ဟေ့ရောင် ဟေ့ရောင် ဟာကွာ"

"မြတ်နိုး ဒါဘယ်သွားမလို့လဲ"

"တီချယ့်ကိုသွားခေါ်မလို့ မြတ်နိုးရဲ့တီချယ်ကို မြတ်နိုးသေမှ အဲ့လူကြီးရမယ်..."

"ဒါမဲ့ အန္တရာယ်များလွန်းတယ်လေ မြတ်နိုး..မင်းတစ်ခုခုဖြစ်သွားရင် တို့ရင်ကျိုးမှာ"

"သက်ဆိုင်ရာကို သွားခေါ်ပေးနော်...သူတို့ဘယ်လောက်ပဲ‌ဂိုဏ်းကြီးကြီး ဉပဒေက ဉပဒေပဲ အခုလိုလူပုံအလယ်မှာဖြစ်တာ မြတ်နိုးတို့အတွက် အခွင့်အရေးပဲ"

"မင်းတစ်ယောက်ထဲ"

"အချိန်မရှိဘူးဆရာမ..မြတ်နိုးကိုမပူနဲ့နော်"

ပြောပြီးတာနဲ့ ချက်ချင်း မြတ်နိုးကားပေါ်ကနေ ဆင်းလိုက်လေသည်။အရှိန်ပြင်းပြင်းနဲ့တိုက်လိုက်တာကြောင့် ကိုသွေးတို့ကားလည်းစက်နှိုးလို့မရတော့...မူးနောက်နေတဲ့ခေါင်းကို မေ့ထားကာ တီချယ့်ကို ပြန်ခေါ်ဖို့အရေးကိုသာ မြတ်နိုး တွေးထားလေသည်။

၁၈တောင် မပြည့်သေးတဲ့ကလေးက အခုလို မူးယစ်‌ဂိုဏ်းခေါင်းဆောင်နဲ့ထိပ်တိုက်တွေ့ရမှာကြောင့် နည်းနည်းတော့ လန့်မိသား..ဒါပေမဲ့ ချစ်ရသူက အဓိကမလား။

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now