"Part-25"

4.8K 268 3
                                    

Unicod

"မြတ်နိုးရာ သမီး ဘယ်လိုင်းကိုသွားမှာလဲ"

"သမီး စီးပွားရေးပိုင်းပဲသွားချင်တယ်မေမေ..ဖေဖေကလည်း ဝိုင် လုပ်ငန်းလုပ်တာဆိုတော့ သမီးအဲ့အလုပ်ကိုစိတ်ဝင်စားတယ်..သူများနဲ့မတူတဲ့ ဝိုင်အမျိုးအစားတွေသမီးထုတ်ချင်တယ်"

"အွန်းကောင်းပါတယ်...သမီးဒီလမ်းကိုရွေးတော့ သမီးအတွက် တစ်ကူးတစ်ကကြီးလည်း သင်စရာမလိုဘူးလေနော် သမီးဖေဖေလည်းရှိနေတော့"

"ဟုတ်ကဲ့"

"ဒါနဲ့မေမေတစ်ခုမေးမယ်နော်"

"ဟုတ်"

"သမီး အသဲကွဲနေတာလား"

"ရှင်..အာ မဟုတ်ပါဘူးမေမေကလဲ"

"သမီး တီချယ်နဲ့ အခြေအနေက ရိုးရောရိုးရဲ့လား"

"ဘာလို့အဲ့လိုမေးရတာလဲမေမေရဲ့"

"သမီး တီချယ်က သမီးကိုအရမ်းချစ်ပြီးဂရုစိုက်တယ်လေ သူနဲ့သွေးမတော်သားမစပ်သူတစ်ယောက်ကို အရမ်းချစ်တော့ ထူးဆန်းလို့ပါ..ပြီးတော့ သမီးက သမီးတီချယ်လေးနဲ့ရှိနေရပြီဆို အရမ်းပျော်နေတတ်လို့လေ"

"သမီး မေမေ့ကိုအမှန်တိုင်းပြောရမလား"

"သမီးဆီက အမှန်တိုင်းပြောတဲ့စကားကိုပဲမေမေကြားချင်တာပါ"

"သမီး တီချယ့်ကို ချစ်တယ်မေမေ..မေမေတို့လက်မခံနိုင်တဲ့ချစ်ခြင်းနဲ့သမီးတီချယ့်ကိုချစ်နေမိတာ..သမီး တောင်းပန်ပါတယ်နော်"

တီချယ်နဲ့ ခွဲရဖို့က ဘယ်လောက်မှမကျန်တော့ဘူးမလား..ဒါ့ကြောင့် မြတ်နိုး မေမေ့ကို အမှန်တိုင်းဖွင့်ပြောလိုကိခြင်းပါ။မေမေကတော့ မြတ်နိုးစကားကြောင့် ခဏတာငြိမ်သက်သွားပြီး...

"သမီး တီချယ်ရဲ့ သဘောထားကကော"

"သမီးနဲ့တူတူပါပဲ..မေမေ တီချယ့်ကိုတော့ ပြသာနာ သွားမရှာပါနဲ့နော်"

"မေမေက အဲ့လိုလုပ်မဲ့လူမျိုးမှမဟုတ်တာ..မေမေ အားလုံးကို ပွင့်ပွင့်လင်းလင်းသိချင်တယ် သမီးတို့နှစ်ယောက်ရဲ့လက်ရှိအခြေအနေလေးကိုပြောပြနိုင်မလား"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now