"Part-9"

5.2K 316 2
                                    

Unicod

တီချယ့်စကားအဆုံးမှာ မြတ်နိုးရဲ့ ရင်ခုန်နှုန်းတွေဟာ ထိန်းလို့မနိုင်တော့ပေ။မြတ်နိုးလိုပဲ တီချယ်ကလည်း မြတ်နိုးကို ချစ်နေခဲ့တာလား။တစ်ပြိုင်နက်ထဲ ဝမ်းသာမှုကော ဝမ်းနည်းမှုကော ရောထွေးသွားလေသည်။ကိုယ်ချစ်နေတဲ့တီချယ်က ကိုယ့်ကိုလည်း ချစ်နေခဲ့တာကြောင့် အတိုင်းမသိဝမ်းသာခဲ့ပေမဲ့ တီချယ့်မှာဆိုင်သူရှိ‌နေတယ်ဆိုတဲ့ အတွေးက မြတ်နိုးကို ဝမ်းနည်းစေသည်။

ဒါပေမဲ့ တီချယ်တောင် ထုတ်ဖော်ပြောခဲ့သေးတာပဲ မြတ်နိုးလည်း တီချယ်သိအောင် ပြောပြရမယ်မလား...

"သမီးလည်း တီချယ့်ကိုချစ်တယ် တီချယ်..၅၂၈ လိုမဟုတ်ပဲနဲ့ပေါ့"

မြတ်နိုးရဲ့စကားကိုကြားတော့ တီချယ့်ရဲ့ အံ့ဩသွားတဲ့ပုံလေးက တကယ်ကိုချစ်စရာလေးရယ်ပါ။အံ့ဩသွားတာနဲ့တစ်ပြိုင်နက် တီချယ့်မျက်လုံးအိမ်ထဲမှာ အရည်ကြည်လေးတွေပြည့်နေတာကိုလည်း မြတ်နိုးတွေ့လိုက်ရပါသည်။

"ဘယ်လို မင်းလည်းတို့ကို ချစ်နေခဲ့တာလား"

"တီချယ့်ထက်အရင် မြတ်နိုးက တီချယ့်အပေါ်မှာခံစားချက်တွေရှိခဲ့တာပါ..မဟုတ်ပါဘူး ဒီတိုင်း သံယောဇဉ်တွယ်တာပါလို့ ထင်ထားခဲ့မိပေမဲ့ တီချယ်နဲ့တွေ့ရင် မြတ်နိုး နှလုံးသားလေးက အမြဲအချပြတယ် သူ တီချယ့်ကို ချစ်မိနေပြီတဲ့"

"ဒါမဲ့ တို့တွေက မဖြစ်နိုင်ဘူးမလား"

တီချယ့်စကားသံကြောင့် မြတ်နိုး တိတ်နေမိလေသည်။တကယ်လည်း မြတ်နိုးတို့က မဖြစ်နိုင်ဘူးမလား..တီချယ့်မှာဆိုင်သူလည်းရှိနေတယ်လေ။

"အာ..သမီးတို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖွင့်ဟပြီးပြီပဲ..ဒီတိုင်းလေး ရင်ထဲမှာပဲသိမ်းထားပြီး အရင်လိုရင်းရင်းနှီးနှီးပဲပြန်နေရအောင်နော်တီချယ်"

"ကလေးထင်သလောက် မလွယ်ဘူးနော်..တစ်ယောက်နဲ့တစ်ယောက်ချစ်နေပါလျက်နဲ့ ပိုင်ဆိုင်ခွင့်လည်းမရပဲ အမြဲတမ်းမြင်နေတွေ့နေရတာက တီချယ့်အတွက်အဆင်မပြေဘူးကလေး..တို့ကြာလာရင် မင်းအပေါ်ကိုလောဘတက်လာမိလိမ့်မယ်"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now