"Part-1"

11.6K 441 3
                                    

Unicod

ထုံးစံအတိုင်း နွေရာသီ သုံးလပိတ်ပြီးတဲ့သကာလမှာတော့ကျောင်းတွေ အသီးအသီးပြန်တက်ရချေပြီ။ကျောင်းသားကျောင်းသူတွေအတွက်တော့ ဝမ်းနည်းမှုကော ပျော်ရွှင်မှုကော ရောနေတဲ့ကာလ တစ်ခုပေါ့...ပထမဦးဆုံးရက်ဖြစ်တာကြောင့် စိတ်ကောလူကော ပစ္စည်းတွေကောက အကုန်အသစ်တွေနဲ့တောက်ပြောင်နေကြလေသည်။

မြတ်နိုးကတော့ကျောင်းသားတွေအကုန်လုံးထဲမှာ စိတ်အလှုပ်ရှားဆုံးကျောင်းသူတစ်ယောက်ဖြစ်နေမှာအမှန်ပင်။မြတ်နိုးရဲ့မွေးဇာတိက ရန်ကုန်...သို့ပေမဲ့ အဖေဖြစ်သူရဲ့ ဝိုင်လုပ်ငန်းအသစ်ကြောင့် အခုလို ပြင်ဦးလွင်မြို့မှာ အခြေလာချလိုက်ရခြင်းပင်။မွေးကတည်းက ရန်ကုန်မှာနေ ရန်ကုန်မှာပဲကြီးပြင်းလာ‌တဲ့ မြတ်နိုးအတွက်ကတော့ ဒီပြင်ဦးလွင်မြို့ကြီးဟာ အစိမ်းသက်သက်...

အတွေးတွေကိုခေါင်းထဲကနေဖယ်ရှားလိုက်ကာ..သနပ်ခါးကိုခပ်ပါးပါးလေးလိမ်းပြီး ကျောလယ်လောက်ရှိတဲ့ဆံပင်တွေကို သေသေသပ်သပ်ဖြစ်အောင် စီးလိုက်ရင်း လည်ပင်းတစ်ဝိုက်ကို ရေမွှေးအနည်းငယ် စွတ်လိုက်လေသည်။ဘယ်ကိုပဲ သွားသွားရေမွှေးလေးနည်းနည်းစွတ်လိုက်ရမှ ကျေနပ်တတ်တာဟာမြတ်နိုးရဲ့အကျင့်တစ်ခုလိုပင်။

"မေမေ သမီးကျောင်းသွားတော့မယ်နော်.."

"အေးအေး သမီး..ကျောင်းကို မေမေလိုက်ပို့ပေးဖို့လိုသေးလား"

"ရပါတယ်မေမေရဲ့ သမီးအသက် ၁၅နှစ်ရှိနေပါပြီ..တစ်ခါတစ်လေတော့ ကိုယ့်အားကိုကိုးကြည့်ချင်လို့လေ ဟဲဟဲ"

"အားမလေးဟုတ်ပါပြီ..အဲ့တာလည်းကောင်းပါတယ် ဂရုစိုက်ပြီးသွားအုံးနော် စက်ဘီးကိုဖြေးဖြေးစီးသွားကြားလား"

"ဟုတ်ကဲ့ပါ"

ပြင်ဦးလွင်ကိုရောက်တာတစ်‌လလောက်တော့ရှိနေပြီဖြစ်တာကြောင့်လမ်းတွေကိုတော့အနည်းနဲ့အများ မြတ်နိုးမှတ်မိလေသည်။မြတ်နိုးတို့ကတော့ပိုက်ဆံရှိတဲ့ထဲပါတာကြောင့် အိမ်မှာကားရှိပေမဲ့လည်း ၁၅နှစ်အရွယ်မြတ်နိုးကတော့ ကိုယ်အားကိုကိုးချင်တာကြောင့် အခုလိုတစ်ယောက်ထဲ သွားခြင်းပင်။

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now