"Part-6"

5.4K 367 7
                                    

Unicod

"မြတ်နိုးရာ"

မြတ်နိုး ကျောင်းစင်္ကြန်လမ်းမှာ လမ်းလျှောက်နေတုန်း အ‌နောက်က ယောင်္ကျားလေးတစ်ဦးရဲ့ခေါ်သံကြောင့် မြတ်နိုး လှည့်ကြည့်လိုက်တော့ ထိုကောင်လေးဟာ မြတ်နိုးတို့အခန်းထဲက မိန်းကလေးတိုင်းရဲ့အသဲစွဲ တစ်ခန်းလုံးရဲ့ king လိုပြောလို့ရတဲ့ အောင်မြတ် ဆိုတဲ့ ကောင်လေးပင်။

မိန်းကလေးတိုင်းအသဲစွဲတာလည်းမပြောနဲ့လေ..မျက်နှာသွယ်သွယ် နှာတံချွန်ချွန်နဲ့ ၉တန်းဆိုပေမဲ့လည်း အရပ်က အနည်းဆုံးရှိ ၅ပေ၉လောက်ရှိပေမည်..အသားလည်းဖြူသလို စာတော်တဲ့ထဲလည်းပါတာကြောင့် king ဖြစ်တာ‌တော့မထူးဆန်းပေ။ဘယ်သူတွေဘယ်လောက်ပဲချောချောပါ မြတ်နိုးအတွက်ကတော့ ယောင်္ကျားလေးတွေကိုဆို ငယ်ငယ်ထဲက ရင်ကိုမခုန်တတ်။

"အော် အောင်မြတ် ဘာကိစ္စရှိလို့လဲ"

"ငါ နင့်ကိုပြောစရာရှိလို့"

"အွန်းပြောလေ"

"ငါလေ နင့်ကိုချစ်တယ်..နင် ငါ့ကိုစဉ်းစားပေးနိုင်မလားဟင်"

"ဘယ်လို ငါ့ကိုချစ်တယ်ဟုတ်လား"

"အွန်း နင်ကျောင်းပြောင်းလာထဲက ငါမသိမသာလေးနင့်ကိုချစ်မိနေတာ အခုတော့နင့်ကိုချစ်မိနေတာသေချာသွားတဲ့အတွက်ကြောင့် ငါအခုလိုဖွင့်ပြောရတာပါ"

မြတ်နိုး နေရာမှာ တစ်ခြားကောင်မလေးတွေသာဆိုရင် အောင်မြတ်ကို စဉ်းစားပေးမှာအမှန်ပင်။ဒါပေမဲ့ မြတ်နိုးက တစ်ခြားမိန်းကလေးမှမဟုတ်တာ..‌ငယ်ငယ်ထဲက ယောင်္ကျားလေးတွေကိုစိတ်မဝင်စားတဲ့မြတ်နိုးအတွက်ကတော့ အဖြေဟာတစ်ခုထဲပဲရှိလေသည်။

"Sorry ပါ အောင်မြတ် ငါနင့်ကိုမချစ်ဘူး.."

"နည်းနည်းလေးတောင်မစဉ်းစားပေးတော့ဘူးလားဟာ"

"စဉ်းစားလည်းငါ့အဖြေက ဒီအဖြေပဲထွက်လာမှာလေ ပြောင်းလဲသွားခြင်းမရှိတဲ့အဖြေအတွက် ငါလည်းအချိန်ကုန်ခံပြီး မစဉ်းစားသလို နင်လည်းအချိန်ကုန်ခံပြီး ငါ့ဆီကအဖြေကို မစောင့်ပါနဲ့"

"အေးပါဟာ..ငါ့ကိုစိတ်တော့မဆိုးဘူးမလား"

"ငါ့ကိုထိခိုက်သွားတဲ့ အရာမှမဟုတ်တာ ငါစိတ်မဆိုးပါဘူး"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now