"Part-29"

5.3K 288 7
                                    

Unicod

"ဟဲလို ရဲမာန်..အခြေအနေ ဘယ်လိုရှိလဲ"

"အတတ်နိုင်ဆုံးတော့ ကျွန်တော်ဖော်ထုတ်ပေးပါ့မယ်ဗျ..ဒါပေမဲ့ ဂိုဏ်းကအရမ်းကြီးတော့အထက်လူကြီးတွေပါပါဝင်ပတ်သတ်နေလောက်တယ် အချိန်ယူရအုံးမယ်ထင်တယ် အမ မြန်မာမှာဆက်မနေတာ ကောင်းမယ်ထင်တယ်ဗျ"

"တို့အတွက် မပူပါနဲ့..တို့ ရှာကိုရှာရမဲ့သူရှိနေလို့ပါ..ရဲမာန်ဘက်က တာဝန်လေးကျေပေးပါအုံးနော်။တို့ ရဲမာန်ကျေးဇူးကိုမမေ့ပါဘူး"

"အမအတွက်လုပ်ပေးရတာပဲ ကျွန်တော့်အတွက်ကျေးဇူးဆိုတာ မလိုပါဘူး..စိတ်ချနော် ကျွန်တော့်ဘက်က တာဝန်ကျေစေရပါ့မယ်ဗျ"

"အွန်းပါ ဒါပဲနော်"

ဖုန်းကျသွားတာနဲ့တစ်ပြိုင်နက် သက်ထား သက်ပြင်းအရှည်ကြီးကို ချလိုက်လေသည်။ကလေးနဲ့ မခွဲနိုင်လွန်းလို့သာ လက်မထပ်ခင် တစ်ရက်အလိုလောက်မှာ အရဲစွန့်ပြီး ထွက်ပြေးခဲ့တာ..ကြားထဲမှာ ဖြတ်သန်းခဲ့ရတာတွေကလည်း လွယ်ကူနေတာမျိုးမရှိခဲ့။

သက်ထားဘက်က အများကြီးပြင်ဆင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေတော့ ကြောက်မိပါသည်။သက်ထားတို့မိသားစုက တော်ရုံလူတန်းစားထဲကမှမဟုတ်တာ လူတစ်ယောက်ကိုတောင်အသာလေးသတ်နိုင်ပြီး အစဖျောက်နိုင်တဲ့အင်အားရှိတယ်လေ..သက်ထားတွေးထားတာက သက်ထားကလေးကိုရအောင်လိုက်ရှာမယ်ပြီးရင် ကလေးမိဘတွေကို ခွင့်တောင်းပြီး ကိစ္စတွေမရှင်းခင်အထိ ကလေးနဲ့တူတူနိုင်ငံခြားမှာသွားနေမယ်ပေါ့။သက်ထား အစီအစဉ်တွေက လွယ်လွယ်နဲ့ဖြစ်လာနိုင်ပါ့မလား...

"သမီးဖေဖေက သမီးကိုမြို့ပေါ်တက်ပေးပါအုံးတဲ့..."

"ဟုတ် သမီးသွားလိုက်ပါ့မယ်မေမေ.."

"ဆရာမလေး ရနံ့ကိုခေါ်သွားလေ..သမီးတစ်ယောက်ထဲ ကားမောင်းမှာကို မေမေစိတ်မချဘူး..ကားမောင်းသင်ထားတာဖြင့်မကြာသေးဘူး"

"ရနံ့ပဲ မောင်းလိုက်ပါ့မယ်အန်တီ...မြတ်နိုးက အသက်လည်းပြည့်သေးတာမဟုတ်ဘူးလေ"

"မကြာခင်ပြည့်တော့မှာပါနော်..မြတ်နိုး မောင်းချင်လို့ပါ"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now