"Part-30"

5.7K 286 7
                                    

Unicod

"အန်တီတို့ သက်ထားကိုယုံလို့ရမလား..သက်ထားကိုလည်းယုံသလို သမီးလေးရဲ့ပျော်ရွှင်မှုကိုလည်း အန်တီတို့ ရိုက်မချိုးချင်ဘူးကွယ်..အဲ့တော့ ဒီကိစ္စကို အန်တီခွင့်ပြုပေးမယ် အန္တရာယ်များမှန်းသိပါတယ် ဒါပေမဲ့ သက်ထားကိုယုံကြည်ချင်တယ် အန်တီတို့ သမီးလေးကို ကာကွယ်ပေးမယ်ဆိုတာကိုလည်း အသေအချာကိုသိနေပါတယ်"

"ဦးလည်းရှည်ရှည်ဝေးဝေးတော့ မပြောတော့ပါဘူး မင်းတို့ လူငယ်တွေရဲ့အချစ်ခရီးလမ်းကိုလည်း မပိတ်ပင်ချင်ဘူး ဦးတို့တောင် ဦးတို့ချစ်တဲ့သူနဲ့ ယူကြသေးတာပဲဆိုတော့ ခွင့်ပြုပါတယ်"

"ကျေးဇူးပါဖေဖေနဲ့မေမေ"

"ကျေးဇူးပါနော် ဦးနဲ့အန်တီ"

မိဘတွေရဲ့ခွင့်ပြုချက်ကိုရတဲ့ အဆင့်တော့ သက်ထားတို့ လွယ်လွယ်ကူကူနဲ့ကျော်ဖြတ်နိုင်ခဲ့ပြီ။နိုင်ငံခြားသွားဖို့အစီအစဉ်ကကော အောင်မြင်ပါ့မလား..ကိုသွေးတို့ဂိုဏ်းကိုဖမ်းမဲ့ အစီအစဉ်ကြီးကကော လွယ်လွယ်နဲ့ရပါ့မလားဆိုတဲ့ အတွေးတွေက သက်ထားကို အချိန်တိုင်းနီးပါးနှိပ်စက်နေလေသည်။

"တီချယ်"

"ရှင်"

"ပြန်လာပေးလို့ကျေးဇူးပါနော်..ဒီတစ်ခါတော့ ဒီလက်လေးကို မြတ်နိုးလွှတ်ပေးတော့မှာမဟုတ်ဘူး။မြတ်နိုး တီချယ်နဲ့လွတ်လွတ်လပ်လပ်ချစ်ချင်ပြီ"

"အခုလည်း ချစ်လို့ရပါတယ် အခန်းကလည်းလုံတယ်လေ"

"ဟာတီချယ်..ဘယ်လိုတွေပြောနေတာလဲ ညရောက်ရင် တီချယ်က ထထဖောက်ပြီ ဘုရားတရားလုပ်မယ်မရှိဘူး မဟုတ်တာတွေပဲလျှောက်တွေးနေ"

"အို တို့က ဘုရားတရားလည်းလုပ်ပါတယ်..တစ်ကန့်စီခွဲထားရတယ်လေကွယ်။အခုက မိဘတွေကလည်း ခွင့်ပြုပြီးပြီ တို့ကလည်းလူလွတ်ဖြစ်သွားပြီ‌ဆိုတော့ ဟင်းဟင်း"

"တီချယ်!!"

"ရှူး တိုးတိုးလုပ်ပါ ကလေးရယ်..အန်တီတို့ကြားရင် တို့နှစ်ယောက်ရန်ဖြစ်နေတယ်ထင်နေပါအုံးမယ် အဲ့အခါကြမှ သူတို့သမီးကို တို့က နှိပ်စက်နေပါတယ်ဆိုပြီး သဘောမတူတော့ရင်ဘယ်လိုလုပ်မလဲ"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now