"Part-26"

4.9K 273 13
                                    

Unicod

"တော်ပြီ မြတ်နိုး..သမီး သောက်တာများနေပြီ။သမီးကငယ်သေးတယ်လေ အဲ့လောက်ထိ မသောက်ပါနဲ့ သမီးသိပ်ကို မူးနေပြီ"

"လူကသာမူးနေတာ ရင်ထဲက နာကျင်မှုတွေက မပျောက်သေးဘူးဆရာမရဲ့.."

ထိုကလေးက စိတ်ပြေလက်ပျောက် နည်းနည်းသောက်ချင်တယ်ဆိုလို့ ရနံ့အလိုလိုက်မိခြင်းက အခုတော့မှားပြီထင်ပါရဲ့..

"မင်းကတကယ်ဆိုးတယ်ကွာ"

"ဆရာမကပါ ငြိုငြင်ပြီပေါ့"

"တို့ မငြိုငြင်ပါဘူး..ဒါမဲ့ အခုတော့ပြန်ရအောင်လေနော် အရမ်းမိုးချုပ်သွားရင်မင်းမိဘတွေ စိတ်ပူနေလိမ့်မယ်"

"ဟာ မြတ်နိုးသာ ဒီလိုမူးနေတဲ့ပုံကို တွေ့ရင် အိမ်ပေါ်က ဖင်နဲ့ဆင်းရမှာပေါ့..အိမ်တော့မသွားဘူးနော်"

"မူးသာမူးနေတာ ဒါကြတော့သိသား..ကယ်ပြော အဲ့တာဆို ဘယ်မှာလိုက်အိပ်မှာလဲ"

"တီချယ်..တီချယ့်ကိုခေါ်ပေး မြတ်နိုး တီချယ်နဲ့မှပြန်မယ် တီချယ့်ကို အခုခေါ်ပေး"

"ဟုတ်ပြီဟုတ်ပြီ တို့ခေါ်ပေးမယ်..မင်းတီချယ်ရောက်လာရင် တကယ်ပြန်မှာနော်"

"ချစ်ရသူရဲ့ ဆူသံလေးနဲ့ သူ့ရင်ခွင်လေးပဲလိုတာ..အဲ့တာဆို မြတ်နိုးရာတို့ တကယ် ပြန်မှာ"

"ပြီးရောပြီးရော"

ပန်းရနံ့ ဖုန်းဆက်ပြီး မကြာပါဘူး သက်ထား ချက်ချင်းကိုရောက်လာတယ်လေ..ဆိုင်ထဲကို ပြေးပြီးဝင်လာပုံထောက်ရင် အမသက်ထားက ရနံ့အရှေ့က ကလေးကို တော်တော်စိတ်ပူနေပုံထောက်တယ်။

"မြတ်နိုးရာ..."

ဘယ်လောက်တောက်သောက်ထားလဲမသိပါဘူး ခုံပေါ်မှာ မှောက်နေတဲ့ကလေးက သက်ထားအသံကိုကြားတော့ မနည်းခေါင်းထောင်ကြည့်တယ်။အသက်လေးက ၁၆နှစ်ပြည့်ပြီးတာ မကြာသေးဘူး ဒီလောက်ထိ သောက်တတ်နေတာကိုတော့ သက်ထား တကယ်မကြိုက်ပါ။

"ဟား..တီချယ်ရောက်လာပြီပဲ ဟီး မြတ်နိုးရဲ့ ချစ်ရသူလေး ချစ်ဆုံးလေး"

"ကျစ် မင်းကွာ..."

"မြတ်နိုးကို အမအိမ်ပဲခေါ်သွားလိုက်တော့နော်..သူ့အိမ်ကိုခေါ်သွားရင် သူ့မိဘတွေက ဆူမှာ"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now