"Part-24"

4.6K 267 7
                                    

Unicod

"အစောကြီးထဲက သက်ထားနဲ့အဲ့ကလေး တစ်ပူးပူးတစ်တွဲတွဲဖြစ်နေထဲက ကိုယ်မသင်္ကာလို့စုံစမ်းနေခဲ့တာ..ကိုယ်ထင်ထားသလိုတွေတကယ်ဖြစ်နေခဲ့တာပဲ"

"ရှင် ဘာလို့ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာတွေကိုလိုက်စုံစမ်းနေရတာလဲ..ကျွန်မကို ရှင်ပိုင်သေးလို့လား ကိုသွေး"

"တော်စမ်း!!"

ဟိန်းထွက်လာတဲ့ဖေဖေ့ရဲ့ ‌အသံကြောင့် သက်ထားရောကိုသွေးပါငြိမ်မိလေသည်။ငယ်ငယ်လေးထဲက ကြောက်လာခဲ့ရတာမလား...

"စေ့စပ်ထားတဲ့သူတစ်ယောက်က တစ်ခြားယောင်္ကျားသားတစ်ဦးနဲ့ဖောက်ပြန်နေခဲ့ရင်တောင် ခွင့်လွှတ်နိုင်စရာအကြောင်းမရှိတာ..အခုကျတော့ မိန်းကလေးတစ်ယောက်နဲ့တဲ့လား နင်က မိန်းမနော် သက်ထား..ကိုယ့်ကိုကို အထီးလားအမလားဆိုတာသေချာပြန်မေးကြည့်ပါအုန်း"

"မိန်းကလေးတစ်ယောက်က တစ်ခြား မိန်းကလေးတစ်ဦးနဲ့တွဲနေတာက ဘာတွေများ အပြစ်ရှိသွားလို့လဲဖေဖေ..အချစ်ကို အချစ်လို မြင်ပေးလို့မရဘူးလား သက်ထားနှလုံးသားကိုသက်ထားပိုင်တယ်လေ သက်ထားချစ်တဲ့သူကို သက်ထားကိုယ်တိုင်ရွေးလို့မရဘူးလား"

"သက်ထား ညဉ်းအဖေကို ဘယ်လိုပြန်ပြောနေတာလဲ"

"သက်ထား ပြောသင့်ပြောထိုက်တာကိုတော့ ပြောရမှာပဲမေမေ..တစ်သက်လုံး ဖေဖေ့ရဲ့အာဏာအောက်မှာ သက်ထားပြားပြားဝပ်ပြီးနေခဲ့တာ..နှလုံးသားရေးရာမှာတော့ သက်ထားကိုယ်တိုင်ရွေးချယ်ပါရစေ"

"သက်ထား!!"

"သက်ထားကို အမွေပြတ်စွန့်လွှတ်လိုက်လည်းရတယ်..သက်ထား ကိုသွေးနဲ့လက်မထပ်နိုင်ဘူး‌ဖေဖေ"

သက်ထား ဖေဖေ့ရဲ့အပြောကိုမစောင့်တော့ပဲ ထိုစံအိမ်ကြီးထဲကနေ ထွက်သွားဖို့ခြေလှမ်းလှမ်းလိုက်ပေမဲ့...

"တစ်ဇွတ်ထိုးဆန်ပြီးလုပ်လိုက်တဲ့လုပ်ရပ်က ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရလိမ့်မယ်နော် သက်ထား"

ဖေဖေ့ရဲ့ ဒီစကားသံမှာ သက်ထားရဲ့ခြေလှမ်းတွေဟာ ရပ်တန့်သွားလေသည်။နောက်ဆုံးမျှော်လင့်ချက်လေး နောက်ဆုံးသတ္တိလေးနဲ့ ထိုအိမ်ကြီးထဲကနေ လှည့်ထွက်ဖို့ကြိုးစားခဲ့တာပါ..ဒါပေမဲ့ သက်ထားမအောင်မြင်လိုက်။ဖေဖေ့ရဲ့ ရက်စက်လှတဲ့စကားသံကြားမှာ သက်ထားဒူးထောက်ရပြန်ပြီ။
_________

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now