"Part-32"

5.7K 293 6
                                    

Unicod

"ဘာ..ငါ့သားသေသွားပြီဟုတ်လား ဒါမဖြစ်နိုင်တာ "

"ဆေးကြောင်ကြောင်ပြီး သူ့ဘာသာသူ သေကြောင်းကြံသွားတာပါ..အခု ခင်ဗျားရဲ့သားကလည်း သူ့ဇာတ်ကြောင်းသူဖော်သွားပြီ။ခင်ဗျားကို ဖမ်းဖို့ပဲကျန်တော့တယ်.."

"ဟားဟား ငါ့သားသေတာဘယ်လိုမှမဖြစ်နိုင်ဘူး..ပြီးတော့ ဘာကိုဖမ်းမှာလဲ ငါဘာမှမလုပ်ထားဘူး"

အောက်ကနေ ဆူညံဆူညံ အသံတွေကြောင့် သွေးသစ်ရဲရဲ့အမေဆင်းလာပြီး...

"သွေးသစ်ရဲ သေသွားတယ်ဆိုတာတကယ်လား ရဲမှူး"

"ကျွန်တော်တို့ကို မယုံရင် ရင်ခွဲရုံထိ အလောင်းလိုက်စစ်လို့ရပါတယ"

ရဲမှူးရဲ့စကားသံအဆုံး ကြမ်းပြင်ပေါ်ကို ဘုန်းကနဲလဲကျသွားတဲ့ သွေးသစ်ရဲရဲ့အမေဖြစ်သူ။ဒါတွေဟာ သူမ ယောင်္ကျားမကောင်းခဲ့လို့ဖြစ်ရတာ...သူမနဲ့ညားထဲက ဒီဒုစရိုက်အလုပ်ကိုလုပ်လာခဲ့တာ သားရတဲ့အထိ လက်မလွှတ်ခဲ့တဲ့အပြင် သားကိုပါ ထိုလောကထဲကိုဆွဲသွင်းလိုက်တာကြောင့် ဒီပြသာနာတွေရဲ့အစအဆုံးက သူမရဲ့ ယောင်္ကျားဖြစ်သူအပြစ်ပင်။

"အဲ့တာ ရှင့်ကြောင့်ဆိုတာကို ရှင်‌သိရဲ့လား..ကျွန်မ သားလေးကိုကိုယ်ဝန်ရထဲက ကျွန်မအတန်တန်တားခဲ့တယ်မလား။ရှင့်အပြစ်တွေကိုရှင်ဝန်ခံပြီး ပေးဆပ်လိုက်တော့..ရှင်ဝန်မခံရင် ကျွန်မကိုယ်တိုင် ဖော်ထုတ်မယ်"

"မိန်းမ !! "

"အသိတရားရပါတော့.. ရှင်အသက်လည်းကြီးနေပြီမဟုတ်လား။ဘာလို့ မိုက်ရူးရဲဆန်အုံးမှာလဲ သားကို ဆုံးရှုံးလိုက်ရတာ အားမရလို့ ကျွန်မကိုပါ ‌နှလုံးရောဂါရပြီးသေစေချင်နေတာလား"

"ငါ ငါတောင်းပန်ပါတယ်"

"တောင်းပန်ရုံနဲ့မပြီးဘူး..အခု ရှင့်အပြစ်တွေကို ဒီဘဝမှာပဲ အကုန်ပေးဆပ်လိုက်ပါ..နောက်ဘဝထိ မသယ်သွားချင်ပါနဲ့"

"ကောင်းပြီ..ငါဒီအလုပ်တွေကိုဆက်လုပ်နေတယ်ဆိုတာကလည်း ငါ့သားအတွက်ပဲလုပ်ခဲ့တာ အခု ငါ့ကြောင့်နဲ့ ငါ့သား အသက်ဆုံးရှုံးလိုက်ရပြီ။ ငါအပြစ်အားလုံးကို ဝန်ခံတယ်.."

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Tempat cerita menjadi hidup. Temukan sekarang