"Part-27"

4.9K 277 13
                                    

Unicod

"တီချယ်ရေ အောက်ချပေးလို့"

"တို့ မြတ်နိုးရာလေးက ခေါင်းမူးနေတာလေ..အောက်ချပေးလိုက်တော့မှ မူးလဲသွားရင် တို့ရင်ကျိုးမှာ.."

"တီချယ်က ရွဲ့နေတာကြီးကိုကွာ"

"ဟော် တို့က တစ်ကယ်စိတ်ပူလို့ပြောနေတာပါနော်..ပြီးတော့ ကလေးခန္ဓာကိုယ်လေးကိုအခုလိုပွေ့ချီထားရတာကို သဘောကျတယ် နမ်းချင်သလိုလည်း နမ်းလို့ရတယ်လေ မွ"

"ဟာ တီချယ်"

"တီချယ် တီချယ်နဲ့ခေါ်ရတာ မရှိန်ဘူးလား"

"မရှိန်ပါဘူး..မြတ်နိုးရာတို့ရာဇဝင်မှာ တီချယ် သက်ထားကို ရှိန်တယ်ဆိုတာ မရှိတော့ဘူး"

"အံ့ပါရဲ့..အရင်က အရိုက်ခံရတုန်းကကြတော့ မျက်နှာငယ်လေးနဲ့ တို့မျက်နှာကိုတောင် မော်မကြည့်ရဲခဲ့ဘူးမလား"

"အတိတ်ကို အတိတ်မှာထားခဲ့လိုက်ပြီ..အခုကအခု မတူဘူး"

"တို့ကိုလည်း တစ်ချိန်ကြရင် ကလေးနဲ့အတိတ်မှာပတ်သတ်ခဲ့ဖူးတဲ့လူအဖြစ်နဲ့ထားခဲ့နော်"

"ထားခဲ့မှာပါ..ဒါမဲ့ တီချယ့်ကိုချစ်တဲ့အချစ်တွေကတော့ရှိနေအုံးမှာ အဲ့အချစ်တွေကို အနက်ရှိုင်းဆုံးနေရာမှာ သေချာလေးသိမ်းထားမှာလေ..ပြီးတော့မေ့ချင်ယောင်ဆောင်နေလိုက်ပါ့မယ်"

"ကလေးကလည်း တီချယ့်ရင်ထဲရဲ့အနက်ရှိုင်းဆုံးနေရာမှာအမြဲရှိနေမှာပါ..တို့ လက်ထပ်"

"ရှူး သမီးနဲ့တွဲနေတဲ့အချိန်မှာ အဲ့စကားကြီးကိုမပြောပါနဲ့တီချယ်..အချိန်တွေကအရမ်းမြန်တယ် နာရီလက်တံလေးတစ်ခါရွေ့တိုင်း တီချယ်နဲ့တူတူပျော်စရာတွေပဲဖန်တီးချင်တယ် အဲ့တာကြောင့်နှစ်ယောက်စလုံးနာကျင်ရမဲ့စကားကိုမပြောပဲနေရအောင်နော်"

"အွန်း ဟုတ်ပြီနော်"
________

"မနက်ဖြန်တဲ့လား ချက်ချင်းကြီးဖေဖေရယ်"

"ဖေဖေလည်း မနေ့ကမှ သိရတာ..ရှမ်းပြည်ဘက်မှာသုံးနှစ်လောက် နေရမယ်တဲ့"

"ဒါမဲ့ သမီး မပြောင်းချင်သေးဘူးဖေဖေ..နောက်မှမေမေနဲ့လိုက်လာလို့မရဘူးလား"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now