"Part-7"

5.6K 337 0
                                    

Unicod

"တီချယ်က မင်းကိုစာသင်ပေးမယ် မင်းကတီချယ့်ကို အချစ်အကြောင်းပြန်သင်ပေးနိုင်မလား"

အခုမြတ်နိုးအရှေ့မှာရှိနေတာက မြတ်နိုးရဲ့တီချယ်ကောဟုတ်ရဲ့လား..စာသင်ကျောင်းကြီးမှာ တီချယ်မူးနေတာတော့လုံးဝမဖြစ်နိုင်။အမှန်ဆိုတီချယ်က ခုနလိုဒေါသထွက်နေရမှာမဟုတ်လား..တီချယ်ကအခုတော့ဒေါသမထွက်တော့တဲ့အပြင်မြတ်နိုးကို ငြင်သာတဲ့ အကြည့်တွေနဲ့ကြည့်ကာ ထူးဆန်းတဲ့စကားတွေကိုလည်းပြောနေတယ်လေ။

တီချယ်ရယ် အဲ့လိုထပ်မလုပ်ပါနဲ့..တီချယ့်ကြောင့်ထူးဆန်းနေတဲ့ မြတ်နိုးရဲ့နှလုံးသားလေးကိုပိုထူးဆန်းအောင်မလုပ်ချင်ပါနဲ့..တီချယ့်ရဲ့ ဒီပုံစံကို ခုနပုံစံထက် မြတ်နိုးပိုလန့်မိလေသည်။တီချယ်သာ မြတ်နိုးအပေါ်ကို ထူးဆန်းတဲ့အပြုအမူတွေနဲ့ ဆက်ဆံနေမယ်ဆိုရင် မြတ်နိုးတီချယ့်ကို ချစ်မိသွားမှာ...မဖြစ်နိုင်တဲ့ ချစ်ခြင်းဖြစ်တာမို့လို့ မြတ်နိုး တီချယ့်ကို ချစ်မိသွားမှာကိုသိပ်ကြောက်ပါသည်။ဒါမှမဟုတ် ချစ်မိနေပြီလား...

"တီချယ် သမီးနားလည်အောင်ရှင်းပြပေးပါလား"

"အာ..ထားလိုက်ပါတော့ တီချယ် စိတ်နည်းနည်းလွတ်သွားလို့..နောက်တစ်ခါ ဒီလိုအဖြစ်မျိုးကို တီချယ်ထပ်မမြင်ချင်တော့ဘူးမြတ်နိုးရာ..တီချယ့်ကိုရင်ပူအောင်မလုပ်ချင်စမ်းပါနဲ့..မင်းကလိမ္မာတဲ့က‌လေးဆိုတာကိုသိပေမဲ့ ထပ်မှာပါရစေ လိမ္မာစမ်းပါ တီချယ့်ရဲ့ မြတ်နိုးရာရယ်"

မြတ်နိုးရဲ့ ခေါင်းကိုဖွဖွလေး ပုတ်ကာ ရုံးခန်းထဲက ထွက်သွားတဲ့ တီချယ်ဟာ မြတ်နိုးကို မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ တစ်ယောက်ထဲထားခဲ့ပြန်ပြီ။

"အာ..ငါဘာတွေလုပ်မိပြီး ဘာတွေသွားပြောမိနေတာလဲ သက်ထားကလျာရယ်..ကလေးကို အရောင်တွေမဆိုးချင်စမ်းပါနဲ့..ပြီးတော့ အချစ်ဆိုတဲ့အရာကို မသိတဲ့ ငါ့ကို မချစ်ခိုင်းစေချင်ပါနဲ့ နှလုံးသားရယ်..ချစ်ခိုင်းစေချင်ရင်တောင် အခြားသူကို ပြောင်းချစ်ခိုင်းလိုက်ပါ..ကလေးကိုတော့မဖြစ်လို့ပါ"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now