"Part-2"

7.5K 416 1
                                    

Unicod

မြတ်နိုးကျောင်းတက်တာ တစ်ပတ်ပင်ရှိလေပြီ။အခုထိ ကျောင်းလာအပ်သေးတဲ့ တစ်ခြားအတန်းကကျောင်းသားတွေရှိတာကြောင့် ဆရာမတွေအလုပ်ရှုပ်တဲ့ ကာလဖြစ်နေဆဲပင်။တီချယ်နဲ့လည်း သိပ်မ‌တွေ့ရတာကြောင့်အခုချိန်ထိ တီချယ့်ရဲ့ကြောက်စရာကောင်းတဲ့ ပုံကိုလည်း မြတ်နိုး မတွေ့ရသေး...ဒါပေမဲ့

"ဟိုနေ့က ပေးလိုက်တဲ့ သင်္ချာအိမ်စာ‌တွေရေးလာကြလား..မရေးလာတဲ့သူတွေက ခုံပေါ်မှာမတ်တပ်ရပ်ထား ရေးလာတဲ့သူတွေက ကိုယ့်ရှေ့မှာ စာအုပ်ဖွင့်ထားချေ..ဆရာမလိုက်စစ်မယ်"

ထုံးစံအတိုင်း မရေးလာတဲ့သူတွေထဲမှာ ယောင်္ကျားလေးတွေကတော့အများဆုံးပေါ့..တီချယ့်လက်ချက်ကိုသိနေတဲ့ကျောင်းသားဟောင်းတွေကတော့ တော်တော်ကိုကြောက်ဒူးတုန်နေလေသည်။

"ရာရာ ဘာတွေကုန်းရှာနေတာလဲ..တီချယ် စာအုပ်လိုက်စစ်နေပြီနော် နင်ရေးတော့ရေးလာတယ်မလား"

ရာရာဆိုတဲ့နာမ်စားက မေနှင်းသက် မြတ်နိုးကိုခေါ်တဲ့နာမ်စားပါ..သူများတွေထက်တစ်မူထူးခြားအောင်ခေါ်တတ်တဲ့ မေနှင်းသက်ကြောင့် မြတ်နိုးမှာနောက်ထပ်နာမည်တစ်ခုတွင်သွားလေပြီ။

"ရေးတာကရေးလာတယ်ဟ..ဒါပေမဲ့ ငါစာအုပ်မတွေ့ဘူး"

"ဟမ်သေချာပြန်ရှာကြည့်ပါအုံး ရာရာ ရဲ့.."

"ငါရှာနေတာ ငါးခေါက်လောက်ရှိပြီဟ တစ်ကယ်မတွေ့ဘူး..အာ ငါညက စာအုပ်တွေစစ်ရင်း ဘယ်ကြားထဲ ညပ်ကျန်ခဲ့လဲမသိဘူး ဒုက္ခပါပဲ"

"နင်ကလည်းဟယ် စာအုပ်တွေစစ်ရဲ့သားနဲ့ကျန်ခဲ့ရတယ်လို့..ဘယ်လိုလုပ်ကြမလဲ"

"ငါလည်းမသိတော့ဘူး"

"မြတ်နိုးရာ"

"ရှင်..တီချယ်"

"စာအုပ်ကော"

"ဟို..သမီးရေးလာပါတယ်တီချယ် ဒါပေမဲ့"

"ဆက်ပြော တို့နားထောင်နေတယ်"

"သမီးညက စာအုပ်စစ်ရင်း ကျန်ခဲ့လို့"

"အို..ပေါက်ပေါက်ရှာရှာ စာအုပ်စစ်ရင်းကျန်ခဲ့ရတယ်လို့ မင်းဆင်ခြေက အဓိပ္ပာယ်မရှိလိုက်တာ"

"အညိုရောင်ရပ်ဝန်းလေး" (အညိုရောင်ရပ်ဝန်းလေး)Where stories live. Discover now