*ဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါ။*သာယာသောမနက်ခင်းတစ်ခု။
ကြီမားပြီးသန့်ရှင်းတဲ့ခြံဝန်းကျယ်။
သေသပ်တဲ့တိုက်ကြီးကိုကြည့်ရင်ပိုက်ဆံကတော့တော်တော်အကုန်ကျများထားတယ်ဆိုတာပြောနေစရာကိုမလို။
ထိုတိုက်ရဲ့တစ်နေရာကဖွင့်ဟထားတဲ့မှန်ပြတင်း။
မှန်ပြတင်းတွေကိုကွယ်ထားတဲ့ခန်းစီးလိုက်ကာအရှည်ကြီးတွေ။
ခြံထဲရှိပစ္စည်းတော်တော်များများနဲ့အသုံးဆောင်
တော်တော်များကအညိုရောင်တွေ။အညိုရောင်ခန်းစီးလိုက်ကာအရှည်ကြီးတွေကာထားတဲ့ကျယ်လွန်းတဲ့အခန်းထဲကကြီးမားလွန်းတဲ့ကုတင်ပေါ်အိပ်စက်နေတဲ့ကောင်ငယ်လေး။ပေါင်ရင်းထိလိပ်တက်နေတဲ့ဘောင်းဘီတိုOne setဖြစ်တဲ့ပိုးသားညအိပ်အင်္ကျီအညိုလေးကဗိုက်အပေါ်ကိုလိပ်တက်နေလျက်။မကြာပါဆူညံသံတွေလာတော့မယ်
ဒေါက်..ဒေါက်
"သားသားရေ..သားသား..ထတော့လေကွယ်..ကျောင်းနောက်ကျမယ်"
"ဟုတ်တယ်သားသားထတော့"
ဟားးး..ဒီအဒေါ်အပျိုကြီးတွေကတကယ်မလွယ်တာပဲ..တံခါးဝနားရပ်ကာညံနေတဲ့အဒေါ်တွေကိုဂရုမစိုက်ပဲခေါင်းအုံးကိုသာမျက်နှာပေါ်အုပ်လိုက်ပြီးဆက်အိပ်နေသည်။
"သားသားဒေါ်လေးတို့ဝင်ခဲ့ပြီနော်.."
အခန်းထဲကိုအတည်ပေါက်ကြီးဝင်လာတဲ့အဒေါ်နှစ်ယောက်ဟာလိုက်ကာတွေကိုလှပ်တဲ့သူကလှပ်ရေချိုးခန်းထဲဝင်တဲ့သူကဝင်နဲ့ပြာယာကိုခပ်လို့
"သားသားထ..ထတော့.."
အခုလည်းအတင်းအိပ်ယာပေါ်ကဆွဲချနေပြန်ပါပြီ
"ဒေါ်လေးမီ..သားကိုအိပ်ခွင့်ပေးပါ"
ဒေါ်လေးမီ။အဒေါ်တွေထဲအသက်အကြီးဆုံးဟန်ဂျောင်းမ်မီကတူလေးကိုအလိုအလိုက်ဆုံးသူဆိုလည်းမမှား။တူဖြစ်သူလက်ညှိုးညွှန်တာနဲ့ရေဖြစ်အောင်တန်းလုပ်ပးမည်အဒေါ်မျိုး။
"မရဘူးသားသား..ကျောင်းနောက်ကျလို့မဖြစ်ဘူးလေ..ပြီးတော့အောက်ထပ်မှာဘယ်သူရောက်နေလဲခန့်မှန်းကြည့်သားသား"