(33)

7.7K 265 14
                                    

ညက ခရီးပန်းလာလို့ထင် အားလုံးအစောကြီးအိပ်ပျော်ကုန်ကြသည်..
ခုမနက်မှာလည်း....ဘုန်ကြီးကျောင်းရဲ့ဧည့်သည်ဆောင်မှာမာန်ထိုက်နဲ့သူ့သူငယ်ချင်းတွေအိပ်ပျော်နေဆဲပင်..

ခါတိုင်းရွာမှာ မနက်စောစောနိုးနေကြ
လင်းလက်အတွက်ကတော့ ..အိပ်ရာတွေသိမ်းပြီး..ဆရာတော်နဲ့အတူ ဆွမ်းခံ ထွက်ဖို့ပြင်ဆင်နေလေပြီး..

ရွာရောက်တုန်းလေး..ရွာရဲ့အငွေ့အသက်တွေနဲ့ ဓလေ့တွေကို ခံစားချင်သေးသည်..

ကျောင်းမှာလိုအပ်တဲ့ ကိစ္စ တွေကို ဆရာတော်ကိုလျှောက်တင်လို့အပြီး..
မာန်ထိုက်တို့အတွက်မနက်စာပြင်ဆင်ပေးနေလိုက်သည်

ရွာမှာရနိုင်တဲ့ မနက်စာမုန့်တွေကို မာန်ထိုက်တို့သူငယ်ချင်းအုပ်စု သဘောမတွေ့မှာလည်းစိုးရိမ်မိသည်

ထမင်းကြမ်းနဲ့ကြ က်ကြော်/ပဲ ပြုတ်နံပြား/မုန့်စိမ်းပေါင်း/ကရေကရာ/မုန့်သိုင်းခြုံ/
ဆန်မုန့်/လက်ဖက်ရည်

မြန်မာမုန့် များကို စားပွဲပေါ်တွင်အသေအချာ ခင်းကျင်းပြင်ဆင်ပေးနေလိုက်သည်..
ရွာမှာတော့ သက်ငယ်ပိုင်းတွေက ထမင်းကြမ်းနဲ့ပဲပြုတ်ကိုအဓိက စားကြသည်...

စားပွဲပေါ်မှာမုန့်များကို သေချာပြင်ဆင်ပေးနေသော လင်းလက်မှာ အနောက်ဘက်ကိုပင်သတိမထားမိ

မာန်ထိုက်နဲ့သူ့သူငယ်ချင်း တွေရောက်နေတာကြာပြီးဆိုပေမဲ့ ဟိုကောင်မာန်ထိုက်က
သူ့ဟာလေး ရှေ့ကပြင်ဆင်ပေးနေပုံကို သွားမရှုပ်နဲ့ဆိုပြီး.. မသွားခိုင်းသေးပေ

လင်းလက်အားလုံးပြင်ဆင်လို့ပြီးမှ မာန်ထိုက်တို့ကိုနှိုးရန် အနောက်ဘက်သို့လှည့်လာခဲ့သည်..

*အ့..မလေး*

အနောက်ဘက်မှာ သူ့ကိုစိုက်ကြည့်နေသော အုပ်စုကြောင့် လင်းလက်လန့်သွားရသည်..
အဆိုးဆုံးကတော့မာန်ထိုက်ပင်..
ပြုံးစိစိနဲ့ ကြည့်နေတာ အမြင်ကပ်စရာကောင်းလွန်းသည်..

*နိုးနေတာလား..ခုပဲလာနှိုးတော့မလို့*

*မွ..morning*

Crazy love (Complete) حيث تعيش القصص. اكتشف الآن