(18)

8.1K 360 21
                                    

At 9Am,Tue

အရိပ်ကျနေသော သစ်ပင်အောက် သူငယ်ချင်းသုံးယောက် စုထိုင်ကာ ဝိုင်းဖွဲ့လို့နေခဲ့သည်...

ငမှန် မနေ့ည က အကြောင်းအရာတစ်ချို့ကြောင့် မာန်ထိုက်အကြောင်းမေးရန် ဟိုနှစ်ကောင်ကို ခေါ်ချိန်းလိုက်ရခြင်းသာ

ဝဏနဲ့စိုင်းတို့က beerဗူး ကိုယ်စီကိုင်လာကာ
ငမှန်ရှေ့ ထိုင်ချပြီး ပြောမဲ့အကြောင်းတွေကိုအာရုံစိုက်လို့နေခဲ့တယ်

တွေဝေပြီးစဉ်းစားနေဟန်ပေါ်တဲ့ ငမှန်ကို စိုင်းက ပုခုံးတစ်ချက် ရိုက်လိုက်ပြီးbeerယူအုံးမလားဆိုတဲ့ ပုံစံမျိုး လုပ်ပြလိုက်သည်

တော်ပြီး..ငါဆေးရုံသွားရအုံးမှာ...

ငမှန် ငြင်းလိုက်တော့ ဝဏနဲ့စိုင်းသာ နှစ်ယောက်တည်းတစ်ဘူးပြီးတစ်ဘူးဖောက်သောက်နေလေရဲ့

ငမှန်ဘယ်ကဘယ်လိုစမေးရမှန်းမသိပေ..
မနေ့က မာန်ထိုက်အကိုပြောသွားတဲ့ အကြောင်းအရာတွေက တကယ်များလား
ခုတလော မာန်ထိုက် အဆက်အသွယ်မလုပ်ဘဲ ပျောက်ချက်ကောင်းနေတာဒါကြောင့်များလား

စိတ်မရှည်တော့တဲ့ ဝဏ က ငမှန် လက်မောင်းကို အသာလေးထိုးလိုက်ပြီး စကား စပြောခြင်းကို ဉီးတည်လိုက်သည်

ဟေ့ရောင်..ငမှန်..မင်းက ငါတို့နှစ်ယောက်ကိုချိန်းလိုက်တာ ငါတို့beerသောက်တာ ထိုင်ကြည့်ဖို့လား...

ဝဏအပြောကို စိုင်းကပါလက်ခံသလို ပြောလာသည်

အေးလေ...ငမှန် ဘာလဲ မင်းလွတ်သွားတာလား..

စိုင်းနဲ့ဝဏတို့က ခါတိုင်းလို သူကိုစပြီးနှစ်ယောက်သားခေါင်းချင်းဆိုင်ကာ ရယ်နေလေရဲ့

ဒီ..ခွေသား..လေးတွေကတော့..

ငမှန် က ပြန်ဆဲကာ စကားဝိုင်းက အသက်ဝင်လာတော့သည်

ဒါနဲ့ မင်းတို့နှစ်ကောင်ရော..ဘယ်ပျောက်နေကြတာလဲ.. ဒီရက်ပိုင်း အဆင်ရောပြေကြလား

ငမှန်မေးလိုက်တော့..ဝဏ လက်ကဘေးမှာရှိနေတဲ့ စိုင်းပုခုံးပေါ်သွားတင်ပြီး ရွတ်နှောက်နှောက်ဖြေလာတယ်...

Crazy love (Complete) Where stories live. Discover now