(26)

7.2K 297 40
                                    

ဆေးရုံကားသံတွေဆူညံနေတဲ့ ဝန်းအတွင်း
ဆရာဝန်တွေလည်း ပြာယာခက်လို့နေခဲ့တယ်

တစ်စီးပြီးတစ်စီး ဝင်လိုက်ထွက်လိုက်ဖြစ်နေသော ဆေးရုံကားသံတွေကြောင့်..ဘေးဝန်းကျင်မှာ အုပ်အုပ်သောင်းသဲဖြစ်နေကြသည်..

ထိခိုက်လာသော လူနာများကိုnurseများက ဘီးတပ်ကုတင်ပေါ်တွင်တင်ကာ.. ဆရာဝန်များထံ အပြေးပို့နေကြသည်..

ရုတ်ရုတ်သဲသဲဖြစ်နေသော အခြေအနေများတွင် duty coatအရှည်ဝတ်ဆင်ထားကာ...
စိတ်နဲ့လူနဲ့မကပ်ဖြစ်နေသော ငမှန်လည်းအပါအဝင်ဖြစ်သည်..

drမြတ်သွေးအောင်..ဒီဘက်လူနာတစ်ချက်လာကြည့်ပေးပါ..သွေးအရမ်းထွက်နေလို့..

ရှုတ်ယှက်ခက်ပြီးပြေးလွှာနေကြသော ထိုမြင်ကွင်းကို မလှုပ်မယှက် မတ်တပ်ရပ်ကာငေးနေမိသည်..

drမြတ်သွေးအောင်..

နောက်တစ်ဖန် ခေါ်လာသော nurseတစ်ယောက်အပြောကြောင့် အသိဝင်ကာ..ထိုလူနာဆီ အမြန်သွားမိသည်..

လူနာရဲ့လက်မောင်းသွေးအရမ်းထွက်နေတယ်...ချုပ်မှရမယ်..

ကျွန်တော့်ကိုလိုအပ်မယ့် ပစ္စည်း တွေပြင်ဆင်ပေးပါ..

ငမှန် nurseတစ်ယောက်ကို ပြင်ဆင်ခိုင်းထားပြီး..လူနာသွေး ထပ်မထွက်စေရန် အဝတ်တစ်ခုဖြင့် ပတ်ပေးထားလိုက်သည်...

drမြတ်သွေးအောင်..အဆင်သင့်ဖြစ်ပြီး..

ပြင်ပေးထားသော ပစ္စည်း တချို့ကိုယူကာ
လူနာ လက်မောင်းအရင်းမှာ ပြတ်ရှထားသော ဒဏ်ရာအား ချုပ်ဖို့စတင်ရလေသည်

ငမှန်စိတ်ကိုစုစည်းကာ ထိုအခြေအနေကိုကိုင်တွယ်နိုင်ရန်အတတ်နိုင်ဆုံးစိတ်ထည့်ထားလေသည်..

ရပြီး..ဒီလူနာကို အောက်ထပ်က အဆောင်Aမှာ ထားပေးပါ

ငမှန် ထိုလူနာကိုချုပ်လို့အပြီး...လေကောင်းလေသန့်ရှူရန် အပြင်သို့ထွက်လာမိသည်..

ဒီရက်ပိုင်း စိတ်တွေရှုပ်ထွေးကာ အယောင်ယောင်အမှားမှားပင်..
ဟိုကောင်လေး ကိစ္စအပြီး စိတ်က မတင်မကျဖြစ်နေမိသည်..

သူပြောလိုက်လို့...ဒီကောင်လေး သူ့ရှေ့ပေါ်မလာတာ တော်တော်ကြာနေပြီးပဲ..
ဒါနဲ့ သူစာမေးပွဲရောတကယ်ဝင်ဖြေရဲ့လား..

Crazy love (Complete) Where stories live. Discover now