(6)

9.8K 410 5
                                    

မနက်ပိုင်းအစောကြီးနိုးနေတာကျင့်သားရနေတဲ့ကျွန်တော့်အတွက် ကတော့...uniကို အစောကြီး ထသွားရတာ မပင်ပန်းတော့....ဒီနေ့နဲ့ဆို..uni တတ်ရတာ လေးရက်မြောက်နေ့....အစ်ကိုခန့်မင်းက တစ်ခါတစ်လေ ကျောင်းကို လိုက်ပို့ပေးတတ်ပေမဲ့ companyတစ်ဖက်နဲ့ဆိုတော့မအားတဲ့အခါကျ... အိမ်က driver နဲ့သာ သွားခိုင်းတတ်သည်....ဒါမဲ့ ကျွန်တော်က အိမ်ကလူတွေ အလုပ်ရှုပ်မှာစိုးလို့ uni ကို bus နဲ့သာသွားသည်...ကျွန်တော့်ကို နေစရာ စားစရာ ပေးထားတာကိုပဲ အဘတို့မိသားစုကို ကျေးဇူးတင်နေတာ...နောက်ထပ်...အလုပ်တွေရှုပ်မှာကို ကျွန်တော် မလိုချင်...ဒါကြောင့်.. ခါတိုင်းထက်ပိုစောစောထပြီး...uniကို busကားနဲ့သာ သွားတတ်သည်.....အစ်ကိုခန့်မင်းကိုလည်း...အလုပ်ရှုပ်မခံချင်တော့.... ဒါကြောင့် မနက်ပိုင်းစောစောထပြီး...  သွားခြင်းက ကျွန်တော့်အတွက် အဆင်ပြေတယ်......

နောက်ပြီး... ခုရက်ပိုင်းထဲ...အဘနဲ့ အကို ခန့်မင်းတို့ ထမင်းစားခန်းထဲမှာ ပြောသံကြားလိုက်တယ်..
ဟိုလူ့အကြောင်းကို...ကျွန်တော်နဲ့ အဲ့ညက တွေ့ပြီးကတည်းက သူ့ကို အိမ်မှာ မမြင်မိဘူး...အဘကလည်း...စိတ်ပူ နေတယ်...အကိုခန့်မင်းက အဘကို ...စိတ်မပူဖို့ဖြောင်းဖြတယ်..ပြီးတော့ အဲ့လူ ​က အဲ့လိုပဲ အိမ်မကပ်တဲ့ရက်တွေရှိတာ မဆန်းဘူးတဲ့..

အခု...uniသွားတော့ဖို့ bus ကိုကားမှတ်တိုင်မှာစောင့်နေခဲ့တယ်...
ကျွန်တော်မနက်စောစောအိမ်က ထွက်လာတိုင်း.. မိသွယ် က ပေါင်မုန့် နဲ့ ကော်ဖီ ဘူးလေး ပေးတတ်တယ်....အဲ့အိမ်ကြီးထဲမှာ ရှိတဲ့ လူတွေအားလုံးကျွန်တော့်အပေါ်မှာကောင်းကြတယ်...ဒါမဲ့ အဲ့တစ်ယောက် ကလွဲလို့

ကျွန်တော့်အတွေးတွေကို ရပ်လိုက်ပြီး...ရောက်လာပြီးဖြစ်တဲ့busကားပေါ်ကို တတ်လိုက်တယ်....
uniမှာ....ကျွန်တော်သူငယ်ချင်း များများစားစားတော့မရှိဘူး...ကျွန်တော်ကိုယ်တိုင် က ဘယ်လိုသူငယ်ချင်းဖွဲ့ရမယ်မှန်းမသိလို့ဖြစ် မှာ.. uniရောက်တော့... ကျွန်တော်ရဲ့..သူငယ်ချင်းဖြစ်တဲ့ အောင်အောင် ဘေးနားဝင်ထိုင်လိုက်တယ်...
အောင်အောင်က ကျွန်တော်uniစတတ်တဲ့နေ့က ခင် တဲ့ သူငယ်ချင်းတစ်ယောက်...သူက ပျော်ပျော်နေတတ်တယ်..ဖော်ရွေတယ် အဲ့ဒါကြောင့်uniစတတ်တဲ့ နေ့က သူစကားလာပြောလို့သူငယ်ချင်းဖြစ်ခဲ့တာ..နောက်မို့ဆို ကျွန်တော် တစ်ယောက်တည်း uni မှာ ဘယ်လိုဖြတ်သန်းရမှန်းမသိဖြစ်မှာ....ကျွန်တော် က မြို့ကြီးပြကြီးတွေရဲ့ အထာတွေကို မသိတော့ စကားပြောမှားမှာလည်းကြောက်တယ်..ဒါကြောင့်အပေါင်းအသင်းသိပ်မထားဖြစ်တာ

Crazy love (Complete) Where stories live. Discover now