(4)

10.7K 572 5
                                    

မနေ့ ည က ကျွန်တော်တို့ရွာရဲ့ လူစည် ပြီးစည်ကားတဲ့ နေ့လို့တောင်ပြောလို့ရတယ်ဗျ..ဘာလို့ဆို...မြို့က လာတဲ့ အလှူရှင်အဘကြောင့် ကျွန်တော်တို့တစ်ရွာလုံး ညက မီးပုံပွဲတွေလုပ်ကြ...ရွာသားတွေစုပြီး...ကြ က် ကာလသားဟင်းချက်စားကြတယ်...ကျွန်တော်တို့ရွာက ဘုရားပွဲတွေရှိတဲ့နေ့ ရက်ကြီးခါကြီးနဲ့ ရွာမှာအလှူရှင်တွေပေါ်တဲ့နေ့ဆိုရင် ခုလို ပျော်ပွဲရွှင်ပွဲအနေနဲ့ မီးပုံပွဲတွေ ဟင်းတွေစုချက်ပြီး ပျော်ပါးစားသောက်ကြတယ် ဒါက ရွာရဲ့ဓလေ့ပေါ့ဗျာ...

ခု မနက်မိုးသောက်ယံ အချိန်မှာ..ဘကြီး က
ခါတိုင်းလို ဘုရားရှိခိုး တရားထိုင်ပြီး ဘုန်းကြီးကျောင်းဆီသွားဖို့ပြင်ဆင်နေပြီး
ကျွန်တော်က နေ့လည် ပိုင်း ဘကြီး နဲ့ ကျွန်တော် စားဖို့ နေ့လည်စာကို မနက် ပိုင်းကြိုချက်ထားရတယ် ဘကြီးနဲ့ ကျွန်တော် နှစ်ယောက် တည်းဆိုတော့ ကြ က်ဉဟင်းပဲ အများဆုံးချက်ဖြစ်တယ်..တချို့ရက်တွေဆို ဘကြီးက ဘုန်းကြီးကျောင်းမှာပဲ စားဖြစ်တာများတယ်..ကျွန်တော်လည်းနေ့လည်ပိုင်း မစားတဲ့ ရက်တွေလည်းရှိတာပေါ့...

လင်းလက်..ဘကြီး နဲ့ ဘုန်းကြီးကျောင်းလိုက်ခဲ့
မနေ့က ဆရာတော် အခေါ်ခိုင်းလိုက်တယ်

ကျွန်တော်ဟင်းချက်လို့ပြီးသွားတော့ ရွာထဲ သွားရန် ပြင်နေတုန်း ဘကြီးရဲ့ ခေါ် သံကိုကြားလိုက်ရသည်

ဟုတ်ကဲ့ ဘကြီး...ကျွန်တော်လာပြီး...

ဘကြီးနဲ့အတူ ဘုန်းကြီးကျောင်း လိုက်သွားခဲ့တယ်.... အဲ့မှာ မနေ့က အဘကိုလည်းတွေ့ခဲ့တယ်...

သား..လင်းလက်..လာထိုင်...
အဲ့အဘ က လက်ပြပြီး ကျွန်တော့်ကို ခေါ်နေပုံပင်.....ကျေးဇူးတင်စကားပြောအုံးမို့လားမသိပင်..
ကျွန်တော်လည်း ကြုံလို့ကူညီတာပါ..ကျေးဇူးတင်ခံချင်လို့မဟုတ်ပေ....ကိုယ်ကိုတိုင်က သူများကိုပဲ အကူအညီပေးချင်တာ...သူများရဲ့အကူအညီကိုယူဖို့ကြ ဝန်လေးမိ တယ်

ဟုတ်ကဲ့ဗျ...
အဲ့အဘ ဘေးနေရာလေးမှာ ဝင်ထိုင်လိုက်ပြီး ဘကြီး ကလည်း ကျွန်တော် ရဲ့ဘေးမှာ ထိုင်ချလိုက်သည်

Crazy love (Complete) Where stories live. Discover now