(7)

9.6K 422 8
                                    

ညစာ ထမင်းဝိုင်းလေးက တော့ ခပ်မြန်မြန်ပင် ပြီးသွားခဲ့ရသည်.ကျွန်တော်လည်း မြန်မြန်ဆန်ဆန်သာ စားပြီး ရှေ့က လူနဲ့ မျက်နှာချင်းမဆိုင် ချင်သောကြောင့် စိတ်က ထမင်းစားတဲ့ ဘက်ကိုတောင်အာရုံမရောက်ခဲ့

အောက်ထပ်မှာ အားလုံးပြီးစီးသွားတော့ ကျွန်တော့်အခန်းထဲပြန်ဝင်ရန်သာ အာရုံရှိခဲ့သည်
နောက်မို့ဆို ဟိုလူ့ မျက်လုံးတွေကို ရင်မဆိုင် ရဲ
တစ်ခါမှ ယောကျ်ားလေးတစ်ယောက် ရဲ့ နမ်းတာ ခံရဖူးခြင်းမရှိခဲ့...ပိုဆိုးတာက အဲ့လူက သူခေါင်းကိုရိုက်လိုက်တာတောင်.. နာပြီးမှတ်သွားမဲ့ပုံမပေါ်.. နောက် တစ်ကြိမ် ထပ်ဖြစ်မှာ ကြောက်မိသည်..ပြီးတော့ အဘနဲ့အကိုခန့်မင်းသိသွားမည်ကိုလည်းစိုးရိမ်မိသည်..

ကိုယ့် အာရုံနဲ့ကို စဉ်းစားပြီး တွေဝေခိုက် အကို
ခန့်မင်းရဲ့ ခေါ်သံ ကိုလည်း မကြားမိလိုက်

လင်းလက်..

အ...အင်....

လင်းလက် အဆင်ပြေရဲ့လား..ကိုယ်ခုနကတည်းက ခေါ်နေတာ

ဟုတ်..ကျွန်တော် မကြားမိလိုက်လို့
အကိုခန့်မင်းပြောစရာ ရှိလို့လား

အင်း..ကိုယ်ပြောစရာရှိတယ်
လင်းလက် အခန်းထဲဝင်မှာ မလား..အခန်းထဲမှာပြောရအောင်

ဟုတ်...

ကျွန်တော့်အခန်း ထဲကို အကိုခန့်မင်းဝင်လာ ကာ ဘေးရှိ ထိုင် ခုံမှာ ထိုင်လိုက်သည်...ကျွန်တော် လည်း.. အကိုခန့်မင်းရှေ့က ခုံမှာ ထိုင်လိုက်ပြီး..ပြောမဲ့စကားတွေကို နားထောင် နေလိုက်သည်

လင်းလက်..မာန်ထိုက် နဲ့ အဆင်ပြေရဲ့လား
မာန်ထိုက် လင်းလက် ကို တစ်ခုခုအနာတရဖြစ်အောင်လုပ်လိုက်သေးလား

အကိုခန့်မင်း မျက်ဝန်းတွေက စိုးရိမ်နေဟန်ပေါ်သည်...ပြီးတော့ ကျွန်တော့်မျက်ဝန်းတွေမှာ..ဖုံးကွယ်ထားတာတွေကို အကိုခန့်မင်း မြင်ရတယ်ထင်တယ် ...ဘာကြောင့်ဒီလို မေးမှန်းမသိပေမဲ့...ကျွန်တော်ဘက် က အဆင်ပြေအောင် ဖြေရမယ်မလား... အကိုမာန်ထိုက်နဲ့လည်းပြသာနာမဖြစ်ချင်..

ကျွန်တော်ဘာမှမဖြစ်ပါဘူး..
ပြီးတော့အကိုမာန်ထိုက် ကလည်း ကျွန်တော်နဲ့ စိမ်းနေသေးတော့ .. စကားမပြောဖြစ်ပါဘူး

Crazy love (Complete) Where stories live. Discover now