(24)

6.9K 298 34
                                    

မနက်တိုင်း ထိုအိမ်ကြီးရဲ့ အလုပ်သမားအဖွဲ့ တွေ စတင်ကာ အလုပ်လုပ်နေကြသည်..
အောက်ထပ်မှာ စတင်အသံများကြားနေရပြီး မနက်စာဝိုင်းအတွက် ပြင်ဆင်နေလေကြပြီးဖြစ်သည်..

အပေါ်ထပ်အခန်းလေးထဲက ထိုကောင်လေးကတော့ ကုတင်ပေါ်မှာ ခုထက်ထိ ငုတ်တုတ်ထိုင်နေဆဲပင်...

ကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားသော အနားကွပ်ဘောင်လေးနဲ့ သိမ်းထားတဲ့ ဓာတ်ပုံတစ်ပုံဆီ အကြည့်ရောက်မိသွားသည်..

လင်းလက်..ထိုဓာတ်ပုံကိုစိတ်ဝင်တစား
ကြည့်မိနေသည်..

ဓာတ်ပုံထဲက အမျိုးသမီးက ကျက်သရေရှိပြီးတင့်တယ်လှသည်..

ပွင့်ဟလာသော တံခါးသံကိုမူ သတိမမူနိုင်လောက်အောင်..ထိုအမျိုးသမီးဓာတ်ပုံကိုပဲစိတ်ဝင်တစားကြည့်နေခဲ့မိသည်

*ကိုယ့်အမေလေ*

နူးညံ့တဲ့ အသံနဲ့အတူ အသံလာတဲ့ဆီကြည့်မိတော့ သူ့ဘေးနားရောက်နှင့်နေပြီးဖြစ်တဲ့ အကိုခန့်မင်းကိုတွေ့လိုက်ရသည်..

*အကို့အမေက ကျက်သရေရှိလိုက်တာ*

သူကိုယ်တိုင်လည်း အကိုခန့်မင်းဘက်ကြည့်ပြီးထိုသို့ဆိုလိုက်သည်..
သူ့မှာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံးမရှိတော့သည့်အတွက်...အဖေရော အမေရောကို မြင်ဖူးခဲ့ခြင်းမရှိ..ထိုကဲ့သိုသောဓာတ်ပုံလေးတစ်ပုံလည်းမရှိခဲ့ပေ

ခန့်မင်းရှေ့က ကောင်လေးမျက်နှာ မှိုင်ကျသွားသည်ကိုသတိထားမိလိုက်ကာ...ထိုကောင်လေး ရဲ့ခပ်အုပ်အုပ်ဆံပင်တွေကိုအသာလေးဆွဲဖွလိုက်သည်

*ကိုယ့်အမေလည်း..လင်းလက်ရဲ့အမေ မဟုတ်ဘူးလား..*

သူပြောလိုက်တော့ ထိုကောင်လေးရဲ့မျက်ဝန်းတွေဟာ ပြန်တောက်ပလို့လာခဲ့တယ်..

ခန့်မင်း အသည်းယားကာ ထိုကောင်လေးရဲ့ နှာခေါင်းချွန်ချွန်လေးကို လက်ဖြင့်အသာလေးဆွဲညစ်လိုက်သည်..

*အမေသာ ရှိသေးရင် သူ့သမက်လေး ဘယ်လောက်ချစ်ဖို့ကောင်းကြောင်း ထိုင်ပြောနေမှာသေချာတယ် သိလား*

ခန့်မင်းပြောလိုက်တော့ ထိုကောင်လေး မျက်နှာ က မနေတတ်သလို မျက်နှာလွှဲလာသည်

Crazy love (Complete) Where stories live. Discover now