(2)

16.5K 695 6
                                    

မီးရောင်မှိန်မှိန်ဖြင့်အရောင်မျိုးစုံထွက်ပေါ်နေပြီး ဆူညံ နေသောDJ အသံများနှင့်ခုန်ပေါက်ကခုန်နေကြသော လူအများစုမှာ .... စိတ်လွတ်ကိုယ်လွတ်ပျော်ပါးနေကြသယောင်..... တချို့မှာလည်း VIPအခန်းထဲတွင် ဆေးရှူ ကြသောလူငယ်အုပ်စုများလည်းရှိသည်.. တချို့က တော့ မိန်းမကိစ္စအပျော်အပါးများကြောင့် ရောက်လာသောသူများလည်းရှိသည်....အရက်ဘီယာ wine နှင့်အခြားသော ပြည်ပ စျေးကြီးအရက်များကိုလည်း သဘောကျလို့ လာသောက်ကြသူများလည်းရှိသည်... ဤclubမှာ မကောင်းတာမှန်သမျှအကုန်ရသော ကြောင့် လူငယ်တော်တော်များများ နေ့စဉ် မပြတ်ဝင်ထွက်သွားလာသောနေရာတစ်ခုဆိုလည်းမမှား.....
club ပိုင်ရှင်ရဲ့ ငွေကြေးအာဏာတွေကြောင့်
ဉပဒေနှင့်မလွတ်သော အရာများရှိနေခြင်းကို
ရဲတွေကပါ မျက်ကွယ်ပြုနိုင်ကြသည်....ဒါ
ကြောင့်ထို clubက ပိုက်ဆံရှိသားသမီးများသာ လာရောက်ပျော်ပါးရာနေရာအဖြစ် တည်ရှိနေခဲ့သည်...

ဟေ့ရောင် တွေ... အခြေအနေမကောင်းဘူးထင်တယ်... ဒီနေ့မာန်ထိုက်.. ငြိမ်လှချည်လား

Clubရဲ့ အတွင်းပိုင်းVIPအခန်းထဲမှာ မာန်ထိုက်ရဲ့သူငယ်ချင်းဖြစ်တဲ့ စိုင်းက  အရက်သောက်ရင်း စကားဆိုလာသည်... ဒီclubက သူတို့ နေ့တိုင်းလာရာ နေရာဖြစ်တဲ့ အတွက် Club ပိုင်ရှင်နဲ့ပင် မာန်ထိုက်ရင်းနှီး ဖြစ်ခဲ့သည်.... အမှန်တော့ မာန်ထိုက် ကို
ဉီးထိုက်ဟန်ရဲ့ သားဖြစ်သူမို့ အစကတည်းက သိတာကြောင့်.. club ပိုင်ရှင်က မာန်ထိုက်ကို လုပ်ပိုင်ခွင့်အားလုံးပေးထားသည်... .Club ထဲ မှာ
ပြသာနာ ဖြစ်ပြီးဆိုရင် မာန်ထိုက် တို့သူငယ်ချင်းအုပ်စုက မပါမဖြစ်... သူတို့နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင် ချတတ်သည်...ဒါကြောင့် ထို club မှာ မာန်ထိုက် တို့အဖွဲ့ ရှိနေလျှင် ဆိုင်ဝန်ထမ်းတွေပါမကျန်.. အခြားသော club သို့လာကြသော လူငယ်တွေကပါ ပြသာနာ မဖြစ်အောင် နေကြရသည်...

စိုင်း ပြောတာ မှန်တယ် ဒီကောင် မာန်ထိုက် ခါတိုင်းဆို နှစ်ပုလင်းလောက်တော့ အသာလေး ကုန်နေကျ...ဒီနေ့မှ...ပုလင်းတောင်မထိဘူး

ငမှန်... မင်းကလည်း... ဒါလေးတောင် မသိဘူးလား... ဒီကောင့်အိမ်က ဘိုးတော်နဲ့ ကွိုင်တတ်လာလို့ဖြစ်မှာ

Crazy love (Complete) Where stories live. Discover now