(8)

9.1K 345 4
                                    

ဘေးနားက စကားပြောသံ တွေက နားထဲမှာ လာရောက် တိုးဝေ့နေခဲ့တယ်..အိပ်ချင်တဲ့ စိတ်ကြောင့် မျက်လုံးမဖွင့်ကြည့်နိုင်တော့ဘဲ ဘေးနားက ကြားရသော အသံ များကို လျစ်လျူရှူ့ခဲ့တယ်

အေး..ပြော

မာန်ထိုက်..မင်းဘယ်ရောက်နေတာလဲ..
ဒီနေ့.. ဟိုဘက်ကကောင်တွေနဲ့ကားမောင်းပြိုင်ဖို့ရှိတယ်လေ

မင်း တို့ဘဲ သွားလိုက်တော့..ငါမအားဘူး

မာန်ထိုက် မင်းမှန်မှန်ပြော..မင်းခုဘယ်မှာလဲ...

ငွေဆောင်မှာ..ဒါပဲကွာ..

ဟေ့..ဟေ့ရောင်..နေအုံး ဖုန်းမချနဲ့အုံး...
မင်း စော်တစ်ပွဲ နဲ့ အဲ့မှာ နှပ်နေလို့.. ငါတို့ကိုမေ့နေတာမလား...

မာန်ထိုက် မျက်လုံးက ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ကောင်လေးဆီရောက်သွားပြီး..သူကိုယ်တိုင်မသိလိုက်ခင် ပြုံးမိသွားသည်..

ငါပြန်လာရင် မင်းတို့နဲ့တွေ့မယ်

မာန်ထိုက် ပြောပြီးပြီးချင်းဖုန်းချလိုက်သည်..ပြီးမှ ကုတင်ပေါ်အိပ်ပျော်နေစဲဖြစ်သော ကောင်လေးနား တိုးကပ်လို့သွားခဲ့သည်

ကုတင်ပေါ်မှာဘေးတစ်စောင်းထိုင်လိုက်ပြီး အိပ်ပျော် နေသူရဲ့ မျက်နှာ ကို စိုက်ကြည့်လို့နေခဲ့သည်

မင်းသာ မိန်းကလေးဆိုရင်..ပိုကောင်းလိမ့်မယ်

အိပ်ပျော် နေသူရဲ့ နှုတ်ခမ်းပါးကို သူ့ရဲ့လက်ညိုးနဲ့ထိကပ်ပြီး အချိန်အတန်ကြာ ပွတ်သပ်နေခဲ့တယ်

ဒါမဲ့ မင်းက ယောကျ်ားလေးတစ်ယောက် ဖြစ်နေတယ်

မာန်ထိုက် သူ့ရဲ့ လက် ကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး..ရေချိုးခန်းဆီ ဝင်သွားခဲ့သည်

အချိန်တွေဘယ်လောက် ကြာအောင်အိပ်စက်ခဲ့မှန်းမသိ..နိုးလာတော့ မိုးတောင်ချုပ်နေခဲ့ပြီး
ပြီးတော့ ကုတင်ပေါ် ဘယ်လိုရောက်နေမှန်းမသိ
ကျွန်တော်အိပ်ခဲ့တာsofaပေါ်မှာ.. ပါ...
ဟိုလူကို အခန်း တစ်ခုလုံး လိုက်ရှာကြည့်တော့ မတွေ့...
အရင်ဆုံး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းဆီသာ ဉီးတည်ခဲ့တော့သည်

Crazy love (Complete) Where stories live. Discover now