page_13

463 75 17
                                    

Unicode

"ဒါဘာလဲ ဂျောင်ကု....."

ထယ်ယောင်းတစ်ယောက်သူ့ရှေ့မှာရှိနေတဲ့ဂျောင်ကု့လက်ထဲမှ ဆေးအဖြူလေးကိုစိုးရိမ်စိတ်နဲ့မေးလိုက်မိသည်။ဂျောင်ကုကတော့ခပ်မဲ့မဲ့ပြုံးကာဖြင့်

"စိတ်ကြွဆေး နောက်တစ်မျိုးပြောရရင်ကာမမူးယစ်ဆေးဝါး"

"ဟမ် ဒါ...ဒါကိုငါကဘာလုပ်ရမှာလဲ??"

"ထယ်ယောင်းက ကိုယ်ပြောသလိုလုပ်ရင်ဘာမှမဖြစ်ဘူး။အကို့ကိုချစ်တယ်ဆို ကိုယ်ခိုင်းသလိုလုပ်မှာလား ပြော??"

သူ့ရဲ့အားနည်းချက်ဖြစ်သည့် ဒီမေးခွန်းအားဂျောင်ကုကမေးလေတော့ထယ်ယောင်းခေါင်းလေးအားဖြေးဖြေးခြင်းငြိမ့်ပြမိတယ်။CEOကို သူဘယ်လောက်တောင်ချစ်လဲဆိုတာဂျောင်ကုသိပြီးသွားတဲ့နောက်ပိုင်းဒီစကားအားဖိကာ သူ့ကိုအကျပ်ကိုင်တယ်။

"ကျွန်တော် လုပ်ပါ့မယ်...."

"ကောင်းပြီ။ အဲ့တာဆိုကိုယ်ပြောသလိုလုပ်။တစ်ခုတောင်လွဲလို့မဖြစ်ဘူးနော်။ဒီကိစ္စသာအောင်မြင်ရင် အကိုကထယ်ယောင်းအပိုင်ဖြစ်ပြီ"

ဂျောင်ကုက အပိုင်အနေထားနဲ့ပြောတော့ကျွန်တော်လည်းဘာမှဆက်မပြောတော့ဘဲသူ့လက်ထဲမှာရှိတဲ့ဆေးဖြူမှုန့်လေးကိုယူလိုက်တော့သည်။ဂျောင်ကုအခုလိုအရေးကြီးသုတ်ဖျာအလျင်လိုနေတဲ့အကြောင်းရင်းကိုလည်း သူစဥ်းစားမိသည်။အကို့အိမ်ထောင်ရေးအား အသဲအသန်ကွဲစေချင်တဲ့သူ့ရဲ့ရည်ရွယ်ချက်ကဘာဖြစ်လေမလဲ??။တစ်ကယ်ပဲ CEOကြီးရဲ့အိမ်ထောင်ရေးကမသာယာတော့လို့လား??။သူ့အနေနဲ့ဘာတွေအခက်ခဲဖြစ်နေလို့လဲ??။

"ဒီနေ့ည ချက်ချင်းလုပ်မှဖြစ်မှာနော်"

"အင်း"

ရွေးချယ်ပြီးသွားတဲ့လမ်းတစ်ခုကိုအဆုံးထိလျှောက်ရတော့မဲ့အနေထားမျိုးဖြစ်တာကြောင့် ဂျောင်ကုနောက်ဆံမတင်းရလေအောင်ထယ်ယောင်းကိုအသုံးချလိုက်မိသည်။အကို့ရဲ့အားနည်းချက်ကိုသိထားတာမို့ ဒီနည်းလမ်းကအကျိုးအဖြစ်ဆုံးအရာပင်။အကိုကကြင်နာသနားတတ်သည်။အဲ့တာကြောင့်လည်း ကြင်နာမသနားတတ်တဲ့သူကအခုလိုလုပ်ရက်မျိုးကိုလုပ်ခြင်းဖြစ်သည်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Hikayelerin yaşadığı yer. Şimdi keşfedin