page_28

433 64 9
                                    

Unicode

ဟိုဆော့မျက်လုံးနှစ်လုံးစဖွင့်မိတာနဲ့အကျင့်လိုဖြစ်နေသည့်လက်ကဘေးနေရာကို။

"ကျစ်!! ဒီသောက်ရေးမပါတဲ့ လက်!!"

စိတ်မလိုတာနဲ့တစ်ချက်ညီးရင်းအိပ်ယာမှကောက်ထပစ်လိုက်သည်။ထို့နောက်အခန်းထဲမှာဆက်မနေချင်တော့တာနဲ့အောက်ထပ်ကိုဆင်းလာလိုက်တော့ အိမ်ရဲ့ဧည့်ခန်းမှာဘာကိုအလုပ်ရှုပ်နေလို့ရှုပ်မှန်းမသိသည့်ထယ်ယောင်းကိုတွေ့လိုက်ရသည်။

"မင်းတကယ်ပဲထွက်မသွားဘူးလား??"

ဒေါသသံနဲ့မေးတော့ အလန့်တကြားလှည့်ကြည့်လာသူက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့။

"ထွက်သွားပါတော့ ငါဘယ်သူ့ကိုမှလဲထပ်ပြီးပြဿနာမရှာချင်တော့ဘူး။မင်းကိုလဲငါမတွေ့ချင်၊မမြင်ချင်တော့ဘူး။မင်းလုပ်ခဲ့တာတွေကိုငါဘယ်လိုမှခွင့်မလွှတ်နိုင်တာမို့သွားပါတော့။ "

ဒီတစ်ခါတော့ဂျောင်ဟိုဆော့ဒေါသလဲဖြစ်သည်မဟုတ်ပဲ သူ့ကိုတည့်တည့်ကြည့်ကာပြောလိုက်သည်။ဘယ်သူမှပြန်ပြင်လို့မရတဲ့အမှားကြောင့် သူဘာကိုမှလဲထပ်ပြီးခွင့်မလွှတ်ချင်ပါ။သူက သနားကြင်နာတတ်တာမို့ကောင်လေးနဲ့အနေနီးသွားခဲ့လျှင်စုံလုံးကန်းကာ ခွင့်လွှတ်ပေးလိုက်လိမ့်မည်။ဒေါသတွေကြောင့်သူပြောရင် ထိခိုက်ပြီးဝမ်းနည်းမှာကကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးပင်။

"ကျွန်တော် မထွက်သွားနိုင်သေးဘူးအကို။ အကို့ဘက်က ကျွန်တော့်ကိုခွင့်လွှတ်ပေးတယ်ဆိုမှ-"

"အော်..ဒီလောက်တောင်လုပ်ထားတာတောင်မင်းကခွင့်လွှတ်စေချင်တယ်ပေါ့ဟုတ်လား?"

ထယ်ယောင်းအနေနဲ့ အနားကနေထွက်မသွားဖို့အတွက် ပါးစပ်ထဲရှိရာလျှောက်ပြောမိပေမဲ့အကိုကတစ်မျိုးထင်သွားလားမသိ။အကိုရဲ့ အကြည့်စူးစူးအောက် သူဘယ်လိုရုန်းထွက်ရမလဲမသိတော့ပါ။ဝမ်းနည်းမျက်ရည်တွေကျလာရတော့ သူလက်ဖမိုးနဲ့ပင်အမြန်ပွတ်ချလိုက်ရသည်။အကိုတွေ့ရင် overတွေလို့အပြောမခံနိုင်တာကြောင့်ရယ်ပိုပြီး ငြိုငြင်မှာကိုစိုးတာကြောင့်ရယ်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now