page_26

509 64 13
                                    

Unicode

"မင်းတို့ဘာတွေပြောနေကြတာလဲ~~"

ဟိုဆော့သူ့နားပင်သူမယုံနိုင်လို့ ထယ့်မျက်လုံးများကိုပင်စိုက်ကြည့်ကာမေးလိုက်သည်။သူ ကြားလိုက်ရတဲ့အရာတွေအားလုံးကဘာတွေလဲ??။ဟင့်အင်း။ဒါလုံးဝမဖြစ်နိုင်ဘူး။ ကလေးပျက်ကျသွားပြီဆိုတာလုံးဝမဖြစ်နိုင်ဘူး။

"အကို ယွန်းဂီကိုထုတ်ပေးပါ! အကို သူ့ကိုဖွက်ထားတာကျွန်တော်သိတယ်!!"

"မင်း!!"

ခွပ်!!

သူ့ကိုယ်အားလှုပ်ရမ်းကာ လေသံမာမာနဲ့မေးလာသည့်ဂျောင်ကုကိုဒေါသတွေကြောင့်ဆွဲထိုးမိသည်။သူ့သဲငယ်ကိုမတရားတဲ့နည်းလမ်းတွေနဲ့ရယူပြီး အနိုင်ကျင့်တဲ့အတွက်ကြောင့်သူ့မျက်နှာကိုစိတ်နာနာနဲ့သုံးချက်လောက်ထပ်ဆင့်ထိုးမိသည်။ဂျွန်ဂျောင်ကုဆိုတဲ့ကောင်နဲ့ သူနဲ့ကတော့ဒီနေ့အဖို့သူသေ၊ကိုယ်သေပင်။

ခွပ်!

"သဲငယ်နဲ့ ငါ့အပေါ်ကိုဘာလို့အဲ့လိုတွေလုပ်ခဲ့ရတာလဲ~ငါက မင်းကိုညီအရင်းတစ်ယောက်လိုချစ်ခဲ့တာ~မင်းမို့လို့"

"အကိုရယ်တော်ပါတော့!! အီးဟီး!! သူ့ကိုဆက်ပြီးမထိုးပါနဲ့တော့!!"

ထယ်က သူ့လက်ကိုဆွဲပြီးအတင်းတားနေတာမို့ဟိုဆော့မှာ အံကိုကြိတ်ရင်း၊လက်ကိုပြန်ရုတ်လိုက်ရသည်။ညီဆိုတဲ့ အသိကြောင့်သူဒီအထိပဲလုပ်လိုက်တာကျေးဇူးတင်ဖို့ကောင်းသည်။

"ပြော!! ယွန်းဂီဘယ်မှာလဲပြော!!"

"အေး! ငါဖွက်ထားတယ် ဘာဖြစ်လဲ??။မင်းလက်ချက်နဲ့သေတော့မဲ့ ယွန်းဂီကိုငါဖွက်ထားတယ်ဘာဖြစ်လဲ??"

"အကို ကျွန်တော်ဒီထပ်ပိုပြီးမဆိုးရွားချင်ဘူးနော်!! အခုချက်ချင်းသူရှိတဲ့နေရာကိုပြောရင်ပြော!! မဟုတ်ရင် ကျွန်တော့်အဆိုးမဆိုနဲ့!"

"ဟာ့ မင်းကများဘာလုပ်ချင်လို့လဲ?? လာစမ်းပါ!! ငါကလဲသူသေကိုယ်သေချဖို့ကြောက်ရွံ့နေမဲ့ကောင်မဟုတ်ဘူး!!"

ထယ်ယောင်းအတင်းဆွဲထားသောလက်ကိုပုတ်ချရင်း ဟိုဆော့,ဂျောင်ကုကိုအော်ပြောလိုက်သည်။အခုချိန်မှာဒေါသတွေအရမ်းဖြစ်တာ လူသတ်ချင်စိတ်ဖြစ်တဲ့အထိ။ဂျွန်ဂျောင်ကုက သူ့တစ်ဘဝလုံးကိုဖျက်ဆီးခဲ့တာ။ဘယ်လိုနည်းနဲ့မှ၊ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ လုံးဝခွင့်မလွှတ်နိုင်တော့ဘူး။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Hikayelerin yaşadığı yer. Şimdi keşfedin