page_24

434 64 16
                                    

Unicode

"သဲလေး ဒီနေ့အပြင်ထွက်လည်ကြမလား??"

"ဟင်!!"

ဂျောင်ကု သဲလေးရဲ့မျက်နှာကိုတစ်ယုတစ်ယနဲ့ကိုင်ကာမေးတော့ ဒီကောင်လေးမှာဘာကိုလန့်သွားသည်မသိ။နောက်သို့ခြေတစ်လှမ်းဆုတ်သွားလေသည်။ ဂျောင်ကုလည်းသူ့ကိုကြည့်နေတဲ့ယွန်းဂီရဲ့စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းသော မျက်လုံးတွေကြောင့်သက်ပျင်းလေးကိုဖြေးဖြေးခြင်းချလိုက်မိသည်။ဟိုနေ့က ရန်ဖြစ်ပြီးထဲကသဲလေးမှာသူ့ကိုတွေ့တိုင်း အလန့်တကြားပုံမျိုးနဲ့ဆက်ဆံသည်။ညဆိုရင်လဲ သူနဲ့ခပ်ခွာခွာနေရာမျိုးမှာအိပ်တတ်ပြီး၊ မနက်စာကိုရော၊ညစာကိုရောအတူမစားတတ်တော့ပေ။သဲလေးကသူနဲ့ဆုံရမဲ့ ကိစ္စတိုင်းကိုရှောင်လာတတ်ပြီး၊သူ့ကိုလဲ စကားအားတစ်လုံးတစ်လေမှလဲမပြော။

ဒါ့ကြောင့် ဒီနေ့အလုပ်ပိတ်တာနဲ့သဲလေးကိုအပြင်လိုက်ပို့ပေးဖို့စဥ်းစားမိသည်။ကိစ္စတိုင်းကိုပြန်ပြီးပြေလည်ချင်တာလဲပါတာပေါ့။

"လာပါသဲရယ်။ အပြင်မှာပျော်ဖို့ကောင်းမှာပါ။"

ခေါင်းငြိမ့်ခြင်းလဲမပြုသလို၊ခေါင်းခါခြင်းလဲမပြုတဲ့ သဲငယ်ကြောင့်ဂျောင်ကုဒေါသလေးတော့ထွက်လာရတယ်။အဲ့ကိစ္စကိုမကျေမနပ်ဖြစ်ရအောင် သူလဲလိုသင့်သလောက် တောင်းပန်ပြီးပြီပဲ။

"သဲ!! ကိုယ့်စိတ်ကိုထပ်ပြီးဆိုးအောင်မလုပ်နဲ့!! သွားမှာလား မသွားဘူးလား!!"

"အကို့ သဘောပါ~"

ဒေါသသံလေးနဲနဲပါမှ မင်ယွန်းဂီဆိုတဲ့သူကအသံထွက်လာတော့သည်။ဂျောင်ကုလည်းယွန်းဂီရဲ့ စိတ်ညစ်နေတဲ့မျက်နှာကိုရှောင်လွှဲလိုက်ပြီး coatတစ်ခုယူကာ သူ့ကိုယ်ပေါ်သို့ခြုံလွှားပေးလိုက်သည်။ထို့နောက် ခါတိုင်းလိုက်နေကျbodyguard တွေကိုထားခဲ့ပြီးသူကိုယ်တိုင် သဲလေးလက်ကိုတွဲကာကားပေါ်သို့တက်ထိုင်လိုက်သည်။သဲလေးက တကယ့်ကိုသူကိုကြောက်နေတာလားမသိ။ကြောက်အောင်ခြောက်ထားတာဆိုပေမဲ့ အရင်လိုတက်တက်ကြွကြွမရှိတဲ့ သဲလေးရဲ့ပုံစံကြောင့်ဂျောင်ကုလည်းစိတ်တော့မကောင်းမိပေ။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now