page_27

463 59 16
                                    

Unicode

ဂျောင်ဟိုဆော့ တစ်ယောက်ဖြစ်ပျက်ခဲ့သမျှအရာတွေအားခဝါချလိုက်ဖို့အတွက်သူစိတ်အစုံကိုလျှော့ချလိုက်၏။ ဘာပဲပြောပြောသူညံ့လို့သူခံရတာမလား??။တစ်ဖက်ကလုပ်တဲ့လူတွေကိုဒေါသထွက်တော့ကောသူပဲထိခိုက်မှာ။ဒါ​ကြောင့် ဝုန်းဒိုင်းကြဲလို့ရှုပ်ပွနေတဲ့အိမ်ရဲ့ဧည့်ခန်းအားမသိချင်ယောင်ဆောင်ကာ ကားသော့ကိုယူပြီးယွန်းဂီဆီထွက်လာဖို့ပြင်ဆင်လိုက်သည်။

ယွန်းဂီကအခု သူကိုယ်တိုင်စီစဥ်ပေးထားတဲ့တိုက်ခန်းတစ်ခုမှာရှိသည်။ကော်ဖီဆိုင်ကနေမသိမသာခိုးခေါ်ထုတ်ခဲ့ပြီး စိတ်ချရတဲ့နေရာတစ်ခုမှာကောင်လေးကိုဖွက်ထားသည်။သူ ဒီလိုလုပ်တာမှားတယ်လို့မထင်ပါ။အမှန်တိုင်းပြောရရင် ယွန်းဂီနဲ့သူနဲ့ကတစ်ယောက်ကိုတစ်ယောက်အထင်အမြင်တွေလွဲမှားပြီးကွဲခဲ့ရတာ။ဒါဆိုရင် ဒီအမှန်တရားတွေကိုရောယွန်းဂီသိအောင်ပြောပြသင့်ရဲ့လား??။ဘာအကျိုးကိုမှမမျှော်မှန်းမိပေမဲ့ ဒီအဖြစ်မှန်တစ်ခုလုံးသူမသိခဲ့ရင်တော်တော်လေးကို ခံပြင်းစရာ။ဒါပေမဲ့ ကျွန်တော့်လိုသိသွားရင်ရောသူရလာတဲ့အကျိုးဆက်တွေကိုခံနိုင်ရည်ရှိပါ့မလား??။ဟိုဆော့လဲ ပြောသင့်၊မပြောသင့်တကယ့်ကိုအကျပ်ရိုက်နေရလေပြီ။

"ဟင်...သူ!!"

ဟိုဆော့ခြံရှေ့သို့ကားမောင်းလာစဥ် အခုထိမပြန်သေးဘဲအိမ်ရှေ့မှာရှိနေတဲ့ထယ်ယောင်းကြောင့် တော်တော်လေးကိုမှဒေါသထွက်သွားရတယ်။သူ့ကိုလှည့်စားခဲ့တာတွေရော၊လိမ်ညာခဲ့တာတွေရောကိုကြည့်ပြီး သူမခံမရပ်နိုင်ပါ။ဒါ့ကြောင့်ကားပေါ်ကဆင်းပြီးသူ့ရှေ့သွားရပ်တော့ မော့ကြည့်လာတဲ့မျက်လုံးလေးတွေကအရင်စိတ်နဲ့ဆို ခွင့်လွှတ်ပေးချင်စရာ။

"အကို ကျွန်တော်တောင်းပန်ပါတယ်~"

"အခုချက်ချင်း ငါ့အိမ်ရှေ့ကထွက်သွား!!"

"အကိုရယ်~ကျွန်တော်လေ အကို့ကိုချစ်လို့မှားခဲ့တာတွေချည်းပါ~ကျွန်တော်အကို့ကိုဘယ်လောက်တောင်သဘောကျခဲ့ရလဲ~အခုကျွန်တော်တောင်းပန်နေတယ်ဆိုတာက အကို့ကိုမပြတ်နိုင်လို့ပါ ဟင့်"

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now