page_10

510 64 23
                                    

Unicode

"ဦးဖယ်ပါ"

ယွန်းဂီသူ့ခါးပေါ်ကိုရောက်ရှိနေတဲ့ ဦးရဲ့လက်များအားအတင်းဖယ်ချလို့လဲမရ။အားနဲ့ညှစ်ထားတာကြောင့်ကြာတော့နာလာရသည်။သူကခါချလေ၊ဦးကပိုပြီး တိုးဖက်လေ။သူအိပ်နေတဲ့ဘက်ကိုအတင်းပူးကပ်ပြီးအိပ်နေတာက အရမ်းကျပ်ရသည်။အခုဆိုခုတင်ရဲ့အစွန်းတစ်ဖက်မှာသူ့အားဦးကအနောက်ကနေသိမ်းကျုံးမရဖက်လို့ထားပြီး လည်တိုင်တစ်လျှောက်လိုက်နမ်းနေလေသည်။

"ဦးကိုစိတ်စိုးနေသေးတာလား??"

မေးမှမေးရက်တယ်လို့သာ ယွန်းဂီတွေးရင်းပြုံးမိသည်။

"ဦးတောင်းပန်ပါတယ်"

"အဲ့စကားကိုပြောနေရတာ မမောဘူးလား??"

သူမေးတော့ဦးကတိတ်ဆိတ်သွားသည်။

"ကျွန်တော်ကတော့ ကြားနေရတာရိုးလှပြီ"

"အဲ့ meetingကအရမ်းအရေးကြီးနေလို့ပါ။"

"ကတိဆိုတာမတည်နိုင်ရင် မပေးရဘူး။အကယ်လို့အဲ့ကတိမတည်ရင် ပေးသွားတဲ့သူထက်အပေးခံရတဲ့သူကနာကျင်ရတယ်။ဦးကတော့လွယ်လွယ်လေးပဲ အရေးကြီးတဲ့ meetingတဲ့။ကျွန်တော့်အတွက်ကတော့ဒါတော်တော်လေးခံစားရတယ်။ဦး အမြဲဒါမျိုးလုပ်တယ်~"

ယွန်းဂီမှာပြောရင်းပြောရင်းငိုချင်လာရတယ်။ထုံးစံအတိုင်းတောင်းပန်စကားဆိုလို့သူကပြီးသွားတယ်လို့ထင်နေပေမဲ့ ကျွန်တော်အတွက်ကတော့ဘယ်လိုမှလွယ်လွယ်နဲ့ဖြေသိမ့်မရပေ။

"နောက်တစ်ခါ ထပ်-"

"ဟင့်အင်း မတည်နိုင်တဲ့ကတိတွေထပ်မပေးပါနဲ့တော့~"

ပြောလည်းပြော အိပ်ယာပေါ်မှကုန်းထလိုက်ပြီးဦးကိုကျောပေးကာထိုင်မိသည်။ မျှော်လင့်ချက်တွေပေးလိုက်၊ပြီးရင်ဖျက်ဆီးခံလိုက်ရနဲ့ဘာလုပ်ဦးမလို့လဲ??။သူလည်း ပင်ပန်းလာလေပြီ။ဦးအတွက်ကတော့ ဒါဟာစကားလေးတစ်ခွန်းသာသာ။သစ္စာတွေ၊ကတိတွေမှမပါခဲ့ပဲ။ဦးကို သူလည်းတစ်ခါတစ်လေစိတ်ကုန်မိပါတယ်။

"ဦးလည်း ပင်ပန်းနေပြီးနားလိုက်တော့"

"သဲငယ် ကိုယ့်ကိုမမုန်းလိုက်ပါနဲ့နော်"

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now