page_12

479 75 16
                                    

Unicode

"ယွန်းဂီ...ဖြေးဖြေး"

တစ်လမ်းလုံးငိုလာသည့်ကောင်လေးကခြေများပင်ယိုင်ထွက်တော့မဲ့အထိဂျောင်ကုမှာအိမ်ထဲသို့တွဲပေးလာရသည်။မျက်လုံးလေးတွေမှာလည်းနီရဲနေပြီး၊နှာခေါင်းလေးမှာလည်း တစ်ရှုံ့ရှုံ့နဲ့။ဂျောင်ကုလည်း ယွန်းဂီအခုလိုခံစားရပြီးငိုတာကိုမြင်တော့ရင်ထဲမကောင်းဖြစ်မိသည်။

"ကျွန်တော့်အိမ်ကိုပြန်တော့မယ်..ဟင့်"

"မလုပ်ပါနဲ့ ယွန်းဂီရယ်....စာမေးပွဲတွေလည်းနီးနေပြီ။​ဒီအိမ်မှာပဲနားနားနေနေ နေပါ။"

"ကျွန်တော် ဦးကိုထပ်ပြီးမတွေ့ချင်တော့ဘူး~ဟင့်"

"အဲ့လိုမျိုးတော့မလုပ်ပါနဲ့ကွာ...ကိုယ့်မျက်နှာကိုထောက်ပါအုံး"

နီရဲနေသောကောင်လေးမျက်လုံးကိုအသာလေးပွတ်ပြီး မေးလေးမှကိုင်ကာသူနဲ့အကြည့်ချင်းဆုံလိုက်စေသည်။ထို့နောက် သက်ပျင်းချသံလေးဖြင့်

"ကိုယ်တမင်ဖုံးကွယ်ထားခဲ့တာမဟုတ်ပါဘူး ကိုယ်တောင်းပန်ပါတယ်။"

"ဟင့် ဒါ...ဒါဆို သူ..သူတို့ကဘယ်အချိန်ထဲကများ အီးဟီး~"

သူပြောတော့ ယွန်းဂီမှာသဲကြီးမဲကြီးပင်အော်ငိုလာပြန်တော့သည်။တစ်ချို့သောလိမ်ညာသောစကားတွေထဲမှာ ချစ်ရသူအတွက်ဆိုတဲ့စိတ်ကလေးပါတယ်။အခုချိန်မှာသူဟာသူ့ဘက်ကိုပဲယိမ်းတော့မှာမို့ အကို့ကိုအသုံးချပြီးနင်းချေမှတော်ရာကျမည်။အကို့အတွက် စိတ်မကောင်းဖြစ်မိပေမဲ့ ကျွန်တော့်အတွက်အဆင်ပြေသွားရင်နှစ်ဦးနှစ်ဖက်လုံးလုံးရင်းရတာတန်သည်။

"ကျွန်တော် ဘယ်လိုဆက်လုပ်ရမလဲ~"

"အကိုပြန်လာရင် ယွန်းဂီဘက်ကဖြေရှင်းသင့်တာတွေဖြေရှင်းကြည့်လေ"

"ဦးက သူ့မှသူဖြစ်နေရင်ရော??"

"ဒါဆိုရင် နောက်ဆုတ်သင့်ရင်နောက်ဆုတ်ရမှာပဲ"

"ဗျာ....!!"

ထိတ်လန့်သွားတဲ့ယွန်းဂီမျက်နှာကြောင့်ဂျောင်ကုလည်း မျက်နှာကိုတစ်ဖက်လွှဲကာမဲ့ပြုံးပြုံးလိုက်မိသည်။တောင်းပန်ပါတယ် ယွန်းဂီ။ကိုယ်လည်းအချစ်အတွက်အတ္တကြီးချင်လို့ပါ။တစ်ချိန်ကျရင် ကိုယ်အခုလိုလုပ်ခဲ့တာတွေအားလုံးကိုမင်းနားလည်လာပါလိမ့်မယ်။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now