page_21

381 67 5
                                    

Unicode

ဂျောင်ဟိုဆော့မှာ အင်တာနက်ကပျံ့လာတဲ့ပုံတွေကြောင့်တောက်တစ်ခေါက်ခေါက်ဖြစ်ပြီးဒေါသတွေဖြစ်နေရသည်။သူတို့ကလူသိရှင်ကြား တွဲသွားတွဲလာတောင်လုပ်နေပြီပေါ့။သူ့သိက္ခာ သူ့companyကိုဘာတစ်ခုမှထည့်မတွက်တဲ့အထိ ယွန်းဂီရော၊ဂျောင်ကုရောကဘယ်လောက်တောင်မိုးမမြင်လေမမြင်ဖြစ်နေကြတာလဲ??။နောက်ပြီးအဲ့ပုံထဲမှာ ယွန်းဂီရဲ့ပြုံးပျော်နေတဲ့အဲ့လိုပုံကိုလုံးဝမကြိုက်။အခုချိန်ထိယွန်းဂီအပေါ်ခံစားချက်ရှိသေးလား၊မရှိတော့ဘူးလားမသိပေမဲ့သူ့အလိုလိုအူတိုနေမိတာကတော့ ဒေါသတွေဖြစ်ရတဲ့အထိပဲ။သူမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ရယ်မောနေတဲ့အခါ ရင်တစ်ခုလုံးနာကျင်လာရပြီးမျက်ရည်တွေကလည်းဝဲလာရသည်။

သူမ​မြင်ချင်ဘူး။ ဒီလိုပုံတွေကိုမြင်ရတဲ့သူကပျော်နေမယ်လို့သဲငယ်ထင်နေသလား??။မဟုတ်မှ ကျွန်တော့်ကိုလက်စားချေချင်လို့ဒီလိုလုပ်ခဲ့တာလား??။တကယ်ပဲမခံစားနိုင်တော့ပါ။compnayမှာ ပျံ့နေတဲ့ကောလဟာလ သတင်းတွေထက်သဲငယ်ကိုသာသူပိုပြီးစိုးရိမ်နေမိတယ်။သဲငယ်လည်း ဝေဖန်တိုက်ခိုက်ခံရမှာပင်။သူ အဆင်ရောပြေပါ့မလား??။ငိုများငိုနေအုံးမလား??။တစ်ယောက်ထဲကြိတ်ပြီးခံစားနေမလား??။သူ သဲငယ်လေးကိုအများကြီးစိုးရိမ်မိပါတယ်။

"အကို အိမ်ကဖုန်းဆက်တယ်။ အကို့ဟန်ဖုန်းကိုင်ပါအုံးတဲ့"

"ဟင်....ထယ် "

ရုတ်တစ်ရက်ထယ့်အသံကိုကြားလိုက်ရတဲ့အခါ လွင့်ပျယ်နေတဲ့အတွေးတွေအကုန်လုံးစုစည်းသွားရသည်။ထယ့်မျက်နှာလေးကိုကြည့်ရတာလဲ မရွှင်မလန်းလိုက်တာ။ကလေးကြောင့် စိတ်ဖိစီးမှုများနေတာလား။ဒါမှမဟုတ် ကျွန်တော့်ကြောင့်ပဲလား??။

"အကို အဆင်ပြေရဲ့လား??"

"ထယ်...ကိုယ်လေ"

"ရတယ် ထယ့်ကိုဘာမှအားနာစရာမလိုဘူး။အကို ပြောချင်တာရှိရင်၊ရင်ဖွင့်လို့ရတယ်။ထယ် ဘာမှစိတ်ထဲမထားဘဲနားထောင်ပေးမယ်လေနော်။"

"ထယ်ရယ်~"

ဟိုဆော့ တကယ်ပင်ထယ့်စကားတွေကြောင့်အားလည်းနာမိသလိုသနားလည်းသနားမိတယ်။ဒီကောင်လေးမှာကိုယ့်အပေါ်ဘယ်လောက်ထိနားလည်မှုတောင်ရှိလိုက်လေသလဲ??။အဝေးကိုရောက်နေတဲ့ချစ်ရသူထက် အနီးမှာရှိတဲ့ထယ့်ရဲ့ချစ်ခြင်းမေတ္တာကိုသူမမြင်ချင်ယောင်ဆောင်ခဲ့တာများလွန်းနေပြီ။ထယ့်ရဲ့မျက်လုံး၊ ထယ့်ရဲ့စကားတွေအားလုံးကဖြူစင်လွန်းတယ်။ကိုယ့်ကြောင့်လည်း သူ့ခန္ဓာတစ်ခုလုံးပျက်စီးရသလို၊အခုလည်းကိုယ့်ကြောင့်ပဲ သူစိတ်ဆင်းရဲနေရတယ်။သူ ရှေ့လျှောက်ထယ့်ကိုပိုချစ်ပေးလိုက်ရင်ကောင်းမလား??။သူ့ရင်ထဲ၊နှလုံးသားထဲမှာ ထယ့်ကိုနေရာပေးလိုက်ရင်ကောင်းမလား??။

[ ဒုတိယမြောက်ခင်ပွန်း ]#complected#Where stories live. Discover now