Ep- 18 Zg 🔞🔞

4.6K 78 3
                                    

"Good Morning ဆရာ သက်သာလား"

ဘုန်း မနေ့က အလုပ်မသွားရတာကြောင့် ဒီနေ့စောစော ထလာလိုက်သည် ၊ မနေ့ကဟာတွေနဲ့ဆို ဒီနေ့ အလုပ်ပိုလုပ်ရမည် ၊ ဒါတောင်ဟိုအကောင်က မလွှတ်ချင် စကားက များခဲ့ရသေးသည် ၊ ခုလည် ရုံးခန်းထဲအဝင် ချစ်ရပါသော် တပည့်မလေးရဲ့ မေးလိုက်တဲ့ မေးခွန်းကြောင့် ဒေါသက ထောင်ခနဲထွက်သွားသည် ။

ဘုန်းလည် MacBookကို စာပွဲပေါ်တင်ပြီး
အကြည့်စူးစူးနဲ့ ကြည့်ပြီး။

"ဒီနေ့ အလုပ်ပိုလုပ်လုပ်ချင်တာလား ၊ အပေါက်ကို ပိတ်လိုက် "

ငါတို့ ဆရာ ဆိုသည်မှာလည်း အပြောကဆိုးလိုက်တာ ၊ ဒါပေမဲ့ ဆရာက စိတ်ထားကတော့ တောတောကောင်းသည် ။

အရင်က အိမ်က အဆင်ပြေနေရာကနေ ဖေဖေက နိုင်ငံခြားက Project တစ်ခုမှာ ငွေတွေ အကုန်ထည့်ပြီး ရင်းနှီးလိုက်သည် ဒါပေမဲ့ အမြက်မရှိဘဲ အရှုံးသာပေါ်လာတာကြောင့် အဖေက အကြွေးတွေရောအကုန်ဆပ်လိုက်ရတာကြောင့် သူတို့စီးပွားရေးက
လုံးဝကျဆင်းပြီး အဖေလည် အရက်တွေသောက်ပြီး မူရူးရင် ကားတိုက်ခံရပြီး ဆုံးသွားသည် ၊ ဒါကြောင့်သူအလုပ်လုပ်ဖို့ဆုံဖြတ်ရတော့သည် ၊ မြန်မာနိုင်ငံမှာက ဘွဲ့ရပညာတက်တောင် 5သိန်းအထက်လောက်ဘဲရတာများသည် ၊ သူ့လို ခုမှ အင်ဂျင်နီယာ 2Yearsက အလုပ်တစ်ခုရဖို့ဆိုတာခတ်သည်။ အိမ်မှာက မောင်လေးနဲ့ညီမလေးရဲ့ ကျောင်းဖိုး ကျူရှင်ခ က မနည်းပါ မေမေရဲ့ ဆေးကုသ စာရိတ်ကလည်း နည်းတာမဟုတ်ပေ၊ ဒါကြောင့် သူသာ ငွေရှာဖို့စဉ်းစားရခြင်းဖစ်သည် ၊ ဒါကြောင့် သူ Barတစ်ခုမှာ စာပွဲထိုးအလုပ်သွားလျှောက်သည် ၊ အလုပ်က တန်းပေးသည် ၊ သူတို့လိုအပ်တာက လှပတဲ့ မိန်းခလေးတွေသာဖစ်သည် ၊ အလုပ်က ညဆို 11နာရီ 12နာရီမှပြန်ရတာကြောင့် မိန်းကလေး တစ်ယောက်အတွက် ဒီအချိန်က မသင့်တောပေ ၊ သူတစ်နေ့ အလုပ်ကနေအိမ်ပြန်တော့ လမ်းမှာ အရက်သမားတစ်ချို့နဲ့တွေ့သည် ၊ အမူသမားတွေက သူ့က ဆွဲလားရမ်းလားလုပ်ကြသည် ၊ လမ်းက လူခေါင်တာကြောင့် သူ့ဘဝသွားပြီးလို့ သူထင်ခဲ့မိသည် ၊ ထိုအချိန် ကားမီးတစ်ခုကြောင့် သူမျှော်လင့်မိသွားသည် ၊ ထိုလူက ကားပေါ်က ဆင်းလာပြီး ဂွတစ်ချောင်းပါကိုင်ထားသည် ၊
သူ့ပုံစံက ယောကျာ်းတစ်ယောက်ရှိသင့်သည့်အရပ်လောက်ရှိသည် ၊ ပြီးတော့ ကျမဆီပြေးလာပြီး လက်ထဲက ဂွနဲ့ ပက်ရမ်းတော့ အမူသမားနဲ့ လူကောင်းနဲ့က ဘယ်ရှင်နိုင်မလဲ ဒါကြောင့် အမူသမားတွေ လဲသွားတော့ ကျမလက်ကို ဆွဲပြီး ကားပေါ်တင်ပြီး ကားကို အမြန်မောင်းထွက်လာခဲ့သည် ။

 သကျတံ့🌈Where stories live. Discover now