Ep-29 Un

6.8K 270 6
                                    

"ကျုပ် ရေချိုးလိုက်ဦးမယ် "

သက်တံ့အပြောကို ကုတင်ပေါ်က  ဘုန်းတစ်ချက်သာကြည့်ရင် ဖုန်းကိုသာ ပြန်ကြည့်နေလိုက်သည်။

"ဒုန်း!"

တံခါးကို အားနဲ့ ဆောင့်ပိတ်သွားတဲ့ သက်တံ့။

"လန့်တာ သေမလို့ ဆောင့်ပိတ်သွားတာလားဘဲ "

တစ်ဖက်က ရေချိုးခန်းထဲတွင်လည်း

"တော်တော် ဒေါသ ထွက်ဖို့ကောင်းတဲ့လူကွာ စိတ်ရှိတိုင်သာ ကိုင်ဆောင့်လိုက်ရင်တော့ ရစရာမရှိဘဲနေတော့မယ်"

"ကျစ်!"

ကျစ်တစ်ချက်သက်ရင် ရေသာဆက်ချိုးလိုက်သည်။

~~~~

"မအိပ်သေးဘူးလား ဖုန်းကြည့်တာလျော့ကြည့် တောကြာနေအိပ်တော့ 9နာရီထိုးတော့မယ် "

သက်တံ့ အလုပ်လုပ်နေရင် ကုတင်ပေါ်က ဘုန်းကို ပြောလိုက်သည်။

"အိပ်သေးဘူး ငါဒီည ဒီကားအပြီးကြည့်မှာ "

"ခင်ဗျားကို လူလိုပြောနေတာ နားမလည်ဘူးလား အိပ်တော့နော် ဘုန်းခရား "

"မအိပ်ဘူးလို့ပြောပြီးပြီ အစောကြီးရှိသေးတယ် မရစ်နဲ့ကွာ"

"ရစ်နေတာက ခင်ဗျား အိပ်တော့ဆိုအိပ် ခင်ဗျားအားနည်ရင် အထဲက ကလေးလေးပါထိမှာ  "

သက်တံ့ပြောလိုက်တော့ ဘုန်းမျက်နှာလေ ငယ်သွားသည်ကို သက်တံ့တွေ့လိုက်သည်။

(ဒီလူဘာဖြစ်ပြန်တာတုန်း)

" အေပါ မင်းက‌လေးကို အရမ်းစိတ်ပူနေတာမို့လား စိတ်ကျပါ ငါကောင်းကောင်းပြုစုမှာပါ ခုအိပ်တော့မှာ "

မျက်ရည်တွေ ဝဲပြီး ပြောဆိုကာ သက်တံ့ကို ကျောခိုင်းပြီး အိပ်နေသည်။ သက်တံ့လည်း MacBookကို ချပြီး အိပ်ယာပေါ်တက်လာလိုက်သည်။

ပြီးနောက် အနောက်ကနေ သိမ်ဖတ်လိုက်တော့ ရင်ခွင်ထဲကလူက ရုန်းနေသည်။

"ငြိမ်ငြိမ်နေ! "

ထိုအခါကြမှ ငြိမ်သွားသည်။

"သွား! လာမဖက်နဲ့ ငါ့ဘာသာအိပ်မို့ "

"မဟုတ်ပါဘူး ကျုပ်ပြောချင်တာက ခင်ဗျားရော ကလေးကိုရော စိတ်ပူတာပါ "

 သက်တံ့🌈Where stories live. Discover now