Ep-27 U

7.4K 303 4
                                    

    "ဒေါ်ကြီး ဟိုလူရော"

"အကိုလေးဘုန်းလား အကိုလေး"

"ဟုတ်တယ် ဒေါ်ကြီး ဘယ်‌ရောက်နေတာလဲ အလုပ်က ပြန်လာထဲက တစ်အိမ်လုံးလဲ ရှာနေတာနံ့နေပြီး ခုထိမတွေ့ဘူး "

"အကိုလေးဘုန်းက မိညိုနဲ့အတူ မြင်းခြံနားက စပျစ်ခြံမှာ စပျစ်သီးတွေသွားခူးတယ် "

"ကျစ်! ‌ဒီလူကွာ..."

ခြေလှမ်းကျယ်ကြီးတွေနဲ့ အပြင်ထွက်သွားတဲ့ အကိုလေးကို ဒေါ်ကြီးကြည့်ပြီး ရင်ပူရပြန်သည်။

~~~~~

" မိညို များများခူးကြမယ်သိလား "

"ဟုတ်အကိုလေး ဟိုအခိုင်လေးက ပိုများသလိုဘဲ "

"အေ ဟုတ်တယ်......
ငါခူးမယ် ...."

"မိညိုခူးပါမယ်အကိုလေးရယ်...."

"ငါခူးပါမယ်ဆို"

စပျစ်ခိုင်ကို ခြေဖျားထောက်ပြီးကတ်ကြေနဲ့အခိုင်ကို ဖျတ်ဖို့ပြင်နေတဲ့နေတဲ့ အကိုလေးကို မိညိုလည်း ပြောမရတာကြောင့် ကြည့်နေလိုက်သည်။

"ဘုန်းခရား!!!!"

"ဟမ်း! အကိုလေးသက်တံ့ !"

"ခင်ဗျား အဲ့ဒါဘာလုပ်နေတာလဲ ဟမ်း!!"

‌"စပျစ်သီးခူးနေတာလေ မတွေ့ဘူးလား"

စပျစ်သီးခိုင်ကို ခြင်းတောင်းထဲကို ထည့်ရင်အေးအေးလူးလူး‌ပြန်ပြောတဲ့ အကိုလေးက နည်းနည်းမျှမကြောက်ပုံဖြစ်သည်။

"ခင်ဗျားခုက ဗိုက်နဲ့နော် ခင်ဗျားတစ်ယောက်ထဲမဟုတ်ဘူး မနက်ကမှ ဗိုက်ရှိမှန်းသိတယ် ခုကြည့် ဘာလုပ်နေတာတုန်း "

"စပျစ်သီးခူးပါတယ်ဆိုမှဘဲ"

ဒီလူကွာ ပြောနေပုံက ဘာအပြစ်မှ မလုပ်ထားတာတဲ့ ပုံနဲ့ စိတ်ရှိလက်ရှိတိုင်သာဆို ကိုင်ဆောင့်မိတောမယ်။

"ခင်ဗျား ! "

သက်တံ့အော်လိုက်တော့ ' ဘာလဲ ' ဆိုတဲ့ အကြည့်နဲ့ကြည့်တဲ့ ဘုန်းကို မျက်နှာလွဲပြီး ဘေးနားက မျက်နှာမဖော်ဘဲ ခေါင်းငုံ့နေတဲ့ မိညိုကို သက်တံ့ကြည့်ပြီး။

" မိညို!!! "

"ရှမ်း!! ရှင်!!!"

"နင်ကမတားဘူးလား ဟမ်း ! "

 သက်တံ့🌈Onde histórias criam vida. Descubra agora