Ep-19 Un

8.4K 296 12
                                    

ဘုန်းတစ်ယောက် ခုကလောကို ရောက်ပြီးဖြစ်သည် ။ ကလောရဲ့ ရာသီဥတုအေးအေးနဲ့က ကျတော်အကြိုက်ပေါ့ ကျတော်က အေးတာနဲ့ ပူတာဆို အေးတာကို ပိုကြိုက်သည်။
ခု ခြံထဲကို ရောက်ပြီးဖြစ်သည် ဘသံချောင်းက ကားဂိတ်ကို လာကြိုလို့ သူမောင်းစရာမလို ခုကြည်ကြည့်တော့ ခြံက ပိုပြီးကျယ်လာပြီး ဖေဖေပြောတာလည်း ဟုတ်တာဘဲ ၊
ဒီဟာတွေက ဟိုကောင်ကို သူ့အဖိုးနဲ့အဖွားတွေက အမွေးပေးခဲ့တာတဲ့ ဒီကောင်ကတော့ စိတ်မဝင်းစားဘူး တစ်ခါမှလည်း ဒီကိုမလာဘူးတဲ့ ကျတော်ကတော့ ရောက်ဖူးတယ် သူUSသွားတုန်းက ဒီမှာ သူလာနေဖူးတယ် ဘေးအိမ်ဘက်က ခြံကြီးမှာလည်း အကိုတစ်ယောက်နဲ့ခင်ဖူးတယ် ခု‌လည်းခင်ပါတယ် ဖုန်းနဲ့အဆက်အသွယ်ရတယ် ဒါပေမဲ့တစ်ခါတလေမှ ပြောဖစ်တာဖြစ်သည်။

"အဲ့မလေး အကိုလေးက ချောလာလိုက်တာကြည့်ပါအုံ "

"ဒေါ်ကြီးက သားကိုမြှောက်နေပြန်ပြီး ၊ မမြှောက်လည်း မုန့်တွေပါတယ် လက်ဆောင်လည်းပါတယ် "

"မဟုတ်တာ ဒေါ်ကြီးက အတည်ပြောတာ ,"

"ဟုတ်ပါပြီး ဒေါ်ကြီးက အမှန်ပြောတော့လည်းအမှန်ပေါ့ ဘာဘဲဖြစ်ဖြစ် သားအရှုံးမရှိဘူး "

"အဲ့မလေး ဟုတ်ပတော် ၊ ဟက် မိညို ဘာတွေပြုံးကြည့်နေတာတုန်း  လာအကိုလေးကို အခန်းလိုက်ပြလိုက် "

ပြုံးပြီးကြည့်နေတဲ့ မိညိုကို ဒေါ်ကြီးဟောက်လိုက်တော့ ကပြာကယာအနားကို ရောက်လာသည် ။

"ဟမ်း ! ဟုတ် ဒေါ်ကြီး "

ခေါင်းကို တစ်ချက်ကုတ်ရင် ဘုန်းနားမှာရပ်ပြီး လက်ထဲက လက်ကိုင်အိတ်ကို ယူလိုက်သည်။

"အကိုလေး ဒေါ်ကြီးပြီးရင် ညစားစားဖို့လာခေါ်ခိုင်လိုက်မယ် အခန်းကို အကိုလေးအရင်တုန်းကလာတဲ့ အခန်းဘဲလုပ်ထားတယ် အဆင်ပြေတယ်မို့လားအကိုလေး "

"ဟုတ် ၊ ရပါတယ်ဒေါ်ကြီး "

"အဲ့ဆို လိုက်ပြလိုက်မိညို ၊ ညည်းလည်းကျက်ကျက်သတိထား ၊ အားတာနဲ့ဖုန်းဘဲကြည့်နေတာ ပြန်လာရင် ညည်းနဲ့ငါတွေ့ဦးမယ်"

သွားခါနိဆဲဆဲမှာ ဒေါ်ကြီး မိညိုကို ဟောက်လိုက်တော့ ကုတ်လေးပုပြီး ။

 သက်တံ့🌈Where stories live. Discover now