Ep-23Un

6.9K 282 11
                                    

ဘာလိုလိုနဲ့ ဒီကိုရောက်တာ 1လပြည့်ပြီးဖြစ်သည်။ ဂိုထောင်လည်း ဆောက်လို့ပြီးသွားပြီး ဒါပေမဲ့ ဦးဦးက သူ့ရဲ့ လုပ်ငန်းလေးကို ခဏလောက်ကြည့်ပေးဖို့ပြောသည်။ ဒါက ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တာကြောင့် ငြင်းလိုက်တော့ ဦးဦးက သူသိပါတယ်ပါတယ်တဲ့ ‌ဒီက စိုက်ပျိုးရေးလုပ်ငန်းတချို့ကို ခဏလောက် ကြည့်ပေးဖို့ သက်တံ့မှာတာကို သက်တံ့က သားပြန်ရင် သူပါပြန်မှာလို့ပြောတယ် ဒါကြောင့် သားက သူဒီက ဦးဦးရဲ့ အလုပ်တချို့ ပြီးမှ လုပ်ပေးပြီးမှ ပြန်ပါလာလို့ တောင်ဆိုလို့ သူနေပေးရဦးမည်။
ကိုယ့်အလုပ်က ပြီးသွားတာကြောင့် ဘုန်းမှာ ဘာအလုပ်မှ လုပ်စရာမရှိ ဒါကြောင့် ဒီနေ့ ဒီနားက မိဘမဲ့ ဂေဟာလေးမှာ အလျူသွားလုပ်ဖို့ရှိသည်။

"အကိုလေး မိညိုတို့ ဘယ်ဟာတွေအရင် ကားပေါ်တင်ရမလဲ "

မိဘမဲ့ ဂေဟာကို လျူဖို့ မနေ့က မြို့တက်ပြီး အသုံးအဆောင်မျိုးစုံဝယ်လာသည်။ ပစ်စည်တွေကစုံတာကြောင့် ဘယ်ဟာကို အရင်ထည့်ရမလဲလို့ မိညိုလာမေးခြင်းဖြစ်သည်။

ဘုန်းလည်း ဘေးနားမှာချထားတဲ့ မွေ့ရာလေးတွေကို အရင်တင်ဖို့ပြောလိုက်တော့ အလုပ်သမားတချို့က ကားပေါ်တင်ကြသည်။ သူလည်း ကားပေါ်ကို မွေ့ရာတချို့ရောက်သွားတော့ ဘေးနားက စောင်တွေခေါင်းအုံတွေ ကူတင်ပေးနေတုန်း အနောက်ကြော်ပြင်က နွေးသွားတာကြောင့် လှည့်ကြည့်လိုက်တော့ အပေါ်က shirt အဖြူအပွကို လက်ခေါက်တင်ပြီး ရင်ဘတ်က ကြယ်သီးက သုံးလုံးလောက်က ဖြုတ်ထားတော့ သူ့ရင်အုံတွေက အထင်းသား ဘောင်းဘီအရှည်ကို လက်တစ်ဖက်ထည့်ရင် ကျတော်ကို ကြည့်နေတဲ့ မျက်လေးတွေက တစ်ခုခုကို အလိုမကျတဲ့ပုံ ဒီကောင်က တကယ်အရိုင်းအစိုင်းပါ။

"အဲ့ဒါဘာလုပ်နေကြတာလဲ"

"မင်းမမြင်ဘူးလား ကားပေါ်ကို ပစ်စည်တွေတင်နေတာလေ "

‌မေးနေတာကို အကောင်းမပြောဘဲ ခနဲ့သလိုပြန်ပြောတဲ့ အဖိုးကြီးပေါက်စကို သက်တံ့စိတ်တိုမိပြန်သည် ။

"အေး အဲ့ဒါတွေ တင်ပြီး ဘာလုပ်မှာလဲလို့မေးနေတာ !"

"ဘာလုပ်လုပ်ပေါ့ မင်းအရေးလား ဖယ် သူများတွေ အလုပ်လုပ်နေတယ် "

 သက်တံ့🌈Where stories live. Discover now