Ep-12 Zg

3.9K 67 1
                                    

  "ဒီမှာ သက်တံ့ ငါက မိန်းခလေးမဟုတ်ဘူး ယောကျာ်းလေးကွ အဲ့လောက်အင်ကျီတွေစမ်းမဝတ်နေဘူး "

"ဪ ကျုပ်က ခဗျားကို အကုန်လုံးကိုစမ်းဝတ်လို့ပြောနေလို့လား ခဗျားဘာသာကြိုက်တာယူ သောက်အမြင်ရှိရှိရွေ "

မိန်းခလေးများစိတ်ထဲမှာတော့

*ဟယ် semeကြီးက စိတ်မရှည်လိုက်တာဟယ် ဟိုကလည် အစွာလေးဘဲ နောက်ကြရင်တော့ ငါ့ရဲ့ ဝါးရင့် wt အမှောင်မလေးအမြင်ရ သူတို့နှစ်ယောက် အီကြာကွေး ဖြစ်ပြီး *

"ငါသိတယ် ဘယ်ဟာက အကောင်းအဆိုးလဲဆိုတာ မင်းလိုမဟုတ်ဘူး "

ဘုန်းတမင်သက်သက် သက်တံ့ကို ရွဲ့ပြောလိုက်ပြီး။ အင်ကျီ အဝတ်တွေချိတ်ထားတဲ့နေရာကိုသွားလိုက်သည်။

"အကုန်လုံးထွက်သွားကြတော့ ငါပြန်ခေါ်မှပြန်လာခဲ့ကြ"

သက်တံ့ အသံမာမာနဲ့ ဘေးနားက မိန်းခလေးတွေကိုပြောလိုက်တော့ ကောင်မလေးတွေလည် အလိုက်သင့်ထွက်သွားကြသည်။

သက်တံ့လုပ်ရပ်ကို မျက်တောင်ဆူဆူနဲ့ ကြည့်နေတဲ့ ဘုန်းမှာလည် အနည်းငယ်လန့်သွားသည်။
ဒါပေမဲ့ သူရဲ့စိတ်က သက်တံ့ကိုမကြောက်ဘူး။
ဒါပေမဲ့ သူ့ရဲ့ ခန်ဒါ ကိုယ်ကတော့ကြောက်သည်။
အားနဲ့ လူချင်းကတစ်ခြားစီးမလား။

"အဟက် ခဗျား ခုနက စကားလေးပြန်ဆက်ပါအုံ"

ဆိုပြီး သက်တံ့ ဘုန်းအနားကိုတစ်လှမ်းချင်းလျှောက်သွားလိုက်သည်။
ဘုန်းလည် အနည်းငယ်အနောက်ဆုတ်လိုက်ပေမဲ့။ နောက်မှာက အဝတ်တန်းသာရှိတော့သည်။

"အဟွန်း အနောက်တွေတောင်ဆုတ်သွားပြီးလာ ကျုပ်ကိုကြောက်နေတာလား"

အသံညစ်ညစ်နဲ့ သက်တံ့ဆိုလိုက်တော့။

"ငါက မင်းကို ဘာလို့ကြောက်ရမှာလဲ ပြဿနာမဖြစ်ချင်းဘူး သက်တံ့ဒါဆိုင်မှာ အခြေအနေကြည့် အပြင်ရောက်မှရန်ဖြစ်မယ် မင်းနောက်ဆုတ်စမ်းပါ"

ဆိုပြီး သက်တံ့ကို တွန်းပေမဲ့။ ပိုလို့သာအနားကိုကပ်လာသည်။
သက်တံ့ က အဝတ်တန်းပေါ်မှာ လက်ထက်ပြီး ဘုန်းကိုရင်ခွင်ထဲမှာ ချုပ်ထားလိုက်သည်။

 သကျတံ့🌈Where stories live. Discover now