Ep -31 U

5.8K 234 3
                                    

မြန်း မနက်စောစော ဆေးရုံးကို လာပြီး အတွက်ထမင်းလာပို့ခြင်းဖြစ်သည်။ ညက စကားများထားတော့ ဘုန်းတို့ လင်မယား အ‌ဆင်ပြေပါ့မလားလို့ တွေးပူရသေးသည်။ ဒါပေမဲ့ အခန်းထဲဝင်ဝင်ချင်း တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ရောက်ပြီး ဖတ်အိပ်နေတဲ့ လင်မယားကို တွေ့တော့မှ ညက သူတို့မဟုတ်တဲ့ အတိုင်းပင် 'ကလေးတွေလဲ တယ်ခတ်သာ' ဘဲ။

"ဒေါက်! ဒေါက်!"

မြန်း အခန်းထဲက ပြန်ထွက်ပြီး တံခါးပြန်ခေါက်လိုက်သည်။

အပြင်က တံခါးခေါက်သံကြောင့် ‌ဘုန်းနိူးလာသည်။ ထထိုင်မယ်လုပ်တော့ ခါးက ဖတ်ထားတဲ့ လက်တွေကြောင့် ထထိုင်လို့မရ ဒါကြောင့် ‌ဘုန်းအဲ့လက်တွေကို ရိုက်ပြီး ဖယ်ခိုင်ရသည်။

"ဖြန်း! ဖြန်း! သက်တံ့!"

"ဘာလဲ အိပ်နေတာလေ ဘာလို့ လာနိူးနေတာလဲ ခင်ဗျား!"

"အခန်းထဲ လူလာနေပြီး ထစမ်းပါ "

"ကျစ် ! စောစောစီးစီး ဘာလာလုပ်ရမှန်းမသိဘူး "

သက်တံ့ဘုန်းခါးက လက်ကို ဖယ်ပြီး ထထိုင်လိုက်သည်။

"သွား တံခါး သွားဖွင့်ပေးလိုက်"

"သူ့မှာ လက်ပါတာဘဲ သူ့ဘာသာဖွင့်ပြီး။ဝင်လာမှပေါ့"

"မင်း! ငါ့ဘာသာဘဲ သွားဖွင့်လိုက်မယ်"

ဘုန်း ကုတင်ပေါ်က ဆင်းမယ်အလုပ်။

"ရတယ် ကျုပ်သွားဖွင့်လိုက်မယ် ခင်ဗျားမျက်နှာသွားသစ်"

"ပြီးရော"

ဘုန်းလည်း မျက်နှာသွားသစ်ဖို့ ရေချိုးခန်းထဲဝင်သွားသည်။ သက်တံ့လည်း ဆံပင်တွေကို နဖူး‌ပေါ်  လက်နဲ့  လှမ်းတင်ပြီး တံခါးသွားဖွင့်လိုက်သည်။

"ချပ်!"

"ထမင်းလာပို့တာသား "

"ဝင်ခဲ့လေ "

လေသံက သာသာယာယာမဟုတ်‌သော်လည်း ပုံမှန်အသံတိုင်သာပြောလိုက်သည်။

"အွန်း"

မြန်းလည်း ထမင်းချိုင့်လေးဆွဲပြီး အခန်းထဲဝင်လာလိုက်သည်။ ပြီးနောင် ချို့င်ကို စာပွဲပေါ်တင်ပြီး ဆိုဖာပေါ် ထိုင်နေလိုက်သည်။

 သက်တံ့🌈Where stories live. Discover now