Chapter 18

13 3 0
                                    

Unicode

ကျောက်ရေပူစမ်းကန်သည် စိမ်းစို မြင့်မားသော တောင်တန်းကြီးပေါ်တွင် သဘာဝအတိုင်း တည်ရှိနေတာဖြစ်သည်။အစီအရီ စီတန်းထားသော သဘာဝကျောက်တန်းကြီးများနှင့် စိမ်းမြမြရေပူကန် ဘေးပတ်ပတ်လည်တွင် ချယ်ရီပန်းများမှာ လှပစွာ ပွင့်လန်းနေကြတာဖြစ်သည်။ကြီးမားသော ကျောက်တန်းကြီး၏ အလယ်တွင် အမျိုးသမီး အမျိုးသားခွဲခြားထားသော လှပသေးစိတ်သည့် ဝါးခြမ်းပြားနံရံကြီးတစ်ခုကာထားတာဖြစ်သည်။

မိန်းကလေးနှစ်ယောက်ထဲသာရှိသည့် ဒေါက်တာ ရိုဆနို နှင့် နာအိုမီ တို့မှာ တက်ကြွ‌သော အမူအရာနှင့် ရေပူစမ်းတစ်ဖက်ခြမ်းတွင် ကြက်ဥပြုတ် အားရပါးရစားရင်း အေးအေးလူလူ အပန်းဖြေရေစိမ်နေကြပြီဖြစ်သည်။

ထိုအခိုက် တစ်ဖက်ခြမ်းတွင် ရမ်ပို၊ခန်းဂျီနှင့်အဆုရှီတို့မှာ ဗလုံးဗလွမ်းနှင့် သံစုံမြည်အောင် ရေဆော့ကစားနေကြတာဖြစ်သည်။ရမ်ပိုသည် သူရေချိုးတိုင်းအတူရှိနေကြ ဘဲရုပ်ကလေးများ မပါလာသည်မို့ စိတ်မကောင်းပင်ဖြစ်နေ‌သေးတာဖြစ်သည်။

ခေါင်းဆောင် ဖုခုဇဝ၊မိုရီနှင့် ခိဇာမုတို့မှာ‌တော့ ဆာ‌ကေးနှင့် ကြက်ဥပြုတ်စားသောက်နေကြပြီး ကုနိခိဒနှင့် တာနိဇာကီတို့မှာ ငြိမ်သက်စွာရေစိမ်နေကြတာဖြစ်သည်။ဘေးနားတွင် မျက်လုံးပိတ်ပြီး ငြိမ်သက်နေသည့် ချူးရာ မှာ‌တော့ ပတ်တီးများ အထပ်ထပ်နှင့် မံမီပုံစံပေါက်နေသည့် ဒဇိုင်း နှင့် ဝေးရာနေရာတွင်ရှိနေတာဖြစ်သည်။ချူးရာ အနား‌ ခြေချောင်းလေးများ မသိမသာရွေ့ရွေ့လာသော ဒဇိုင်း သည် အနား‌ရောက်သည်နှင့် ခွီး ခနဲ ရယ်တော့တာဖြစ်သည်။

"ကိုယ့်ကောင်လေး က‌ကွာ အဝတ်မပါလည်း ကြည့်ကောင်းနေလိုက်တာ ခွီး ဒီပါးစပ်ကလည်းခေါ်မိပြန်ပြီ ကိုယ့်ကောင်လေးဆိုတာကို"

လည်ပင်းအထိ‌ ရေပူကန်ထဲနှစ်မြှပ်ထားသော ချူးရာမှာ ဒဇိုင်း စကားကြားသည်နှင့် နားရွက်ဖျားများ‌သာမက မျက်နှာပါ နီမြန်းလာတာဖြစ်သည်။သူသည် မေးစေ့ထိထပ်မံ နှစ်မြှုပ်ရင်း  ဒဇိုင်း ကိုတိုးတိုးတိတ်တိတ်ကြိတ် အော်တော့တာဖြစ်သည်။

Bungou Stray DogsWhere stories live. Discover now