Chapter 2

30 5 0
                                    

Unicode

"ဒီနေရာက ဆိပ်ကမ်းမာဖီးယာတွေ မှောင်ခိုဈေးကွက်လုပ်တဲ့နေရာမဟုတ်ဘူးလား"

ဒဇိုင်းမှာ တအံ့တသြဝင်မေးလာတော့ ဇုအဲနိုမှာ မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ဒဇိုင်းကို လှမ်းကြည့်ကာ

"ဟုတ်ပါ့မလားရှင် ကျွန်မတို့ဆန်မုန့်ရောင်းလာတာကြာပါပြီ အဲ့လိုလူတွေနဲ့တစ်ခါမှ မပတ်သက်ခဲ့ဖူးသလို ဆန်မုန့်လည်းလာမမှာဖူးကြပါဘူး ပြီးတော့ လိပ်စာကလည်း တစ်ခါမှမမြင်ဖူးတာဆိုပေမဲ့ အဲ့လိုမာဖီးယာဘက်က နေရာဆိုတာက ဖြစ်နိုင်ပါ့မလားရှင်"

"အင်း စိတ်မပူပါနဲ့ ဇုအဲနို-ဆန် အနေနဲ့ အိမ်ပြန်ပြီးသေချာစောင့်နေပါနော် ကျွန်တော်နဲ့ ကုနိခိဒ-ခွန်း တို့က ယုခိကို ကို သေချာပေါက်တွေ့အောင်ပြန်ရှာပေးပါ့မယ်ဗျာ"

ဇုအဲနိုဆိုသည့် အမျိုးသမီးငယ်လေးကို ရုံးခန်းအပြင်ဘက်ထိ ဒဇိုင်း မှာ သေချာလိုက်ပို့ပေးနေစဉ်တွင် ကုနိခိဒ မှာတော့ ဖုန်းတွေ တစ်ကောပြီး တစ်ကော အဆက်မပြတ်ဆက်နေခဲ့သည်။

"ကဲ ခင်ဗျားလည်း ကျွန်တော်ထင်သလိုတွေးနေတယ်မို့လား ကုနိခိဒ-ခွန်း"

ဒဇိုင်းမှာ လက်နှစ်ဖက်ကို စိမ်ပြေနမ်ပြေပိုက်ကာ ဖုန်းဆက်နေသော ကုနိခိဒ ကိုမေးခွန်းထုပ်လိုက်တာဖြစ်သည်။

"အင်း ဒါမဲ့သေချာအောင် ရဲစခန်းကို အတည်ပြုဖုန်းဆက်မေးကြည့်တာ ဟုတ်တယ်တဲ့ ယုခိကို ဆိုတဲ့ကောင်လေးကို ဇုအဲနို-ဆန်က လူပျောက်တိုင်ထားတယ်ပြောတယ် ဒါမဲ့စိတ်ထဲထင့်နေတာ လိပ်စာကဒ်ကိုပဲ လိပ်စာနေရာကိုတော့ ဇုအဲနို-ဆန်က ရဲစခန်းမှာမညွှန်းထားပါဘူးတဲ့ ကျွတ်....ရမ်ပို-ဆန် သာရှိရင် ခုအခြေအနေကို ချက်ချင်းကောက်ချက်ချပြီး တရားခံဘယ်သူလဲဆိုတာတန်းသိမှာ ခုတော့ ရမ်ပို-ဆန် ကလည်း ခရီးလွန်နေတာနဲ့"

"ဘယ်တတ်နိုင်မလဲဗျာ ကျွန်တော့်အနေနဲ့တော့ သေချာအောင် ဆိပ်ကမ်းမာဖီးယာတွေရဲ့ မှောင်ခိုဈေးကွက်ထဲ ခဏစုံစမ်းကြည့်ဦးမယ် ကုနိခိဒ-ခွန်း ခင်ဗျားကတော့ ဆန်မုန့်ပိုင်ရှင် ဇုအဲနို-ဆန်ကိုသာ သေချာအနီးကပ် ပြန်စုံစမ်းကြည့်ထားပေးဦးဗျာ နာရီဝက်ကြာရင် လိပ်စာထဲကနေရာမှာ ကျွန်တော်နဲ့ပြန်ဆုံကြမယ်"

Bungou Stray DogsWhere stories live. Discover now