Chapter 12

18 4 0
                                    

Unicode

"ဖျောင်း"

ကျယ်လောင်သော မြည်သံနှင့်အတူ လေပေါ်ဝဲပျံသွားသည့် *ကရုတကဒ်များကို ဒဇိုင်း သည် စားပွဲပေါ်တွင် မှေးထောက်ရင်း တိတ်ဆိတ်စွာ ငေးကြည့်နေတာဖြစ်သည်။ ခန်းဂျီ၏ ကျေးလက်အိမ်လေးမှ ဒုတိယမြောက်နေ့သည် သူ့အဖို့လေပေါ်ဝဲပျံနေသည့် ကရုတကဒ်များကိုထိုင်ငေးနေရသည့် နေ့ပါလေ။

အစိမ်းရောင် အမွှေးတုံးတုံး ကော်ဇောနားတွင်ဒေါက်တာ ရိုဆနို နှင့် နာအိုမီ၊ရမ်ပို နှင့် အဆုရှီ၊ကုနိခိဒ နှင့် ခန်းဂျီတို့သည် နှစ်ယောက်တစ်တွဲ မျက်နှာချင်းဆိုင် ဒူးတုတ်ထိုင်ကာ ကရုတကဒ်ကစားနေကြတာပင်ဖြစ်သည်။

ကရုတကဒ် ကစားနည်းမှာ ဂျပန်ရိုးရာ ကဒ်ကစားနည်း တစ်မျိုးဖြစ်သည်။စုစုပေါင်းကဒ်အရေအတွက် 100 ရှိတာဖြစ်ပြီး ကဒ် 50 သည်ကဗျာကို ဖတ်ပြ ရွတ်ဆိုရမည့် ကဒ်ဖြစ်ပြီး ကျန်ကဒ် 50 တွင်တော့ ရွတ်ဖတ်သွားသည့် ကဗျာနှင့် ဆက်စပ်နေသော ပန်းချီရုပ်ပုံစာများ ပဟေဠိသဖွယ် ပါရှိနေတာဖြစ်သည်။ကဗျာ ဖတ်ပြရွတ်ဆိုရမည့် ကဒ် 50 ကို ကြားနေသူတစ်ယောက်ယောက်မှ တစ်ကဒ်ချင်းစီ ရွတ်ဖတ်နေချိန်တွင် ကစားသမားများမှာ ကြားနေသူ ရွတ်ဖတ်သွားသည့် ကဗျာနှင့်သက်ဆိုင်သော အကြောင်းအရာများကို ကျန်သည့် ပန်းချီရုပ်ပုံစာများပါရှိသော ကဒ် 50 မှ ရွေးချယ်ရှာဖွေရတာ ဖြစ်သည်။အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ကဒ်ကိုအများဆုံးရွေးချယ်နိုင်သူသည် ကစားပွဲတွင် အနိုင်ရသူဖြစ်သည်။

(အသေးစိတ်ကို Chihayafuru animeလေးမှာကြည့်လို့ရပါတယ်နော် ကိုယ်တော့အဲ့တာကြည့်တုန်းက အရမ်းစိတ်လှုပ်ရှားခဲ့ရလို့ ဒီခုလိုထည့်ရေးထားလိုက်တာပါ)

သူတို့အားလုံးသည် အဘွား မိုမိုဆန်၏ ကဗျာ ရွတ်ဖတ်သံကို အသက်ပင်မရှူဘဲ သေချာအာရုံစိုက်နားထောင်နေကြသလို ကော်ဇောပေါ်တွင်ခင်းထားသည့် ကဒ်များကိုလည်း မျက်တောင်မခတ်တမ်း စူးစိုက်ကြည့် နေကြတာဖြစ်သည်။

အထူးသဖြင့် နာအိုမီ သည် အဘွား မိုမိုဆန် ကဗျာရွတ်ဖတ်သံ စသည်နှင့် ထိုကဗျာနှင့်ဆက်စပ်သည့် ကဒ်ကို မြန်ဆန်စွာ ရွေးချယ်ပစ်လိုက်ပြီဖြစ်သည်။သူမနှင့် ပြိုင်ဖက်ကစားသမားဖြစ်သည့် ဒေါက်တာ ရိုဆနို မှာလည်း ခေသူမဟုတ်။နာအိုမီနှင့်အပြိုင် ကဒ်တွေကို မြန်ဆန်စွာ ရွေးချယ်နေတာဖြစ်သည်။

Bungou Stray DogsWhere stories live. Discover now